DVB Logo
Home
မြန်မာသတင်း
လက်ကိုင်ဖုန်း လုယက်ဂိုဏ်း ဖမ်းမိ၊ ဖုန်းပိုင်ရှင်များ ဗဟန်းရဲစခန်းကို ဆက်သွယ်နိုင်
DVB
·
July 1, 2016
လက်ကိုင်ဖုန်း လုယက်ဂိုဏ်း ဖမ်းမိ၊ ဖုန်းပိုင်ရှင်များ ဗဟန်းရဲစခန်းကို ဆက်သွယ်နိုင်
Donate to DVB

ရန်ကုန်မြို့မှာ လက်ကိုင်ဖုန်းတွေချည်း လုယက်ခိုးယူတဲ့ ဂိုဏ်းတဂိုဏ်းကို ဖမ်းမိထားတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။

အဖွဲ့ဝင် ၆ ဦးပါ လက်ကိုင်ဖုန်းလုတဲ့ ဂိုဏ်းကို ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ အင်းလျားကန်ဘောင်မှာ ဇွန်လ ၂၅ ရက်က ဖမ်းမိတာဖြစ်ပြီး သူတို့အဖွဲ့ဟာ တက္ကစီကားတစီး အသုံးပြု လုယူခဲ့ကြတာ ဖြစ်ပါတယ်။

မရမ်းကုန်းမြို့နယ်နေ  ကျန်ကျောင်း (ခ)ချစ်ကိုကို၊ အာကာမင်း(ခ) ရှဥ့်လေး(ခ)ချစ်ရင်ထူး၊ လှိုင်မြို့နယ်နေ  ခိုင်မြဲ(ခ)ဇော်မင်းကို၊ မဇူးဇူးဇင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ အောင်မင်းသန့်နဲ့  တာမွေမြို့နယ်နေ မြတ်နိုး(ခ)ရနံ့မိုးဦးတို့ဟာ လုယက်မှုခိုးမှုတွေကို အတူတကွ ကျူးလွန်ခဲ့ ကြတယ်လို့ ရဲသတင်းမှာ ဖော်ပြပါတယ်။

သူတို့အဖွဲ့ဟာ ဇွန်လ တတိယပတ်အတွင်းက ည ၁၁ နာရီအချိန်လောက်မှာ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်လမ်းနဲ့ ပန်းဆိုးတန်းလမ်းထောင့်အနီး ဖုန်းပြောနေသူ အသက် ၁၉ နှစ်အရွယ် အမျိုးသားထံမှ Mi Note 3 အမျိုးအစား ဖုန်း ၁ လုံး၊ ဗဟန်းမြို့နယ်၊ အင်းလျားကန်ဘောင်မှာ အသက် ၁၉ နှစ်ခန့်ရှိ အမျိုးသားတဦးထံမှ Oppo အမျိုးအစား ဖုန်း ၁ လုံး၊ ဇွန်လ ဒုတိယပတ်အတွင်းက ည ၁၁ နာရီခွဲအချိန်လောက်က မရမ်းကုန်းမြို့နယ်၊ ချော်တွင်းကုန်းမှတ်တိုင်အနီး  လမ်းလျှောက်နေတဲ့ အမျိုးသားထံမှ HUAWEI အမျိုးအစား ဖုန်း ၁ လုံး၊ ဇွန်လ ပထမပတ်အတွင်းက ည ၁၀ နာရီ အချိန်လောက်မှာ မရမ်းကုန်းမြို့နယ်၊ Junction 8 အနောက်ဘက်လမ်းကြားမှာ စကားပြောနေတဲ့ အမျိုးသားနှင့်အမျိုးသမီးတို့ထံမှ SAMSUNG J 5 အမျိုးအစား ဖုန်း ၁ လုံး၊ ပြီးခဲ့တဲ့ မတ်လအတွင်းက မနက် ၁ နာရီခွဲအချိန်လောက်မှာ ဗဟန်းမြို့နယ်၊ အင်းလျားကန်ဘောင်ပေါ်မှာ စကားပြောနေတဲ့ အမျိုးသားနဲ့အမျိုးသမီးတို့ထံမှ SAMSUNG J 7 အမျိုးအစား ဖုန်း ၁ လုံးတို့ကို လုယက်ခဲ့ကြပါတယ်။

ဒါ့အပြင် ဇွန်လ ဒုတိယပတ်အတွင်းက နံနက် ၂ နာရီ အချိန်လောက် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းမှတ်တိုင်တွင် အိပ်ပျော်နေတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားထံက HUAWEI အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံးတို့ကို ခိုးယူခဲ့ကြပါတယ်။

ဖုန်းလုတဲ့ဂိုဏ်းဟာ သူတို့လုယူခဲ့ကြတဲ့ လက်ကိုင်ဖုန်းတွေကို မင်္ဂလာတောင်ညွန့် မြို့နယ်နေ ကိုမင်း(ခ)မင်းမင်းထွန်းထံမှာ ရောင်းချခဲ့ကြပြီး နန်းလွင်အောင်မောင်းနှင်တဲ့ အငှားယာဉ်အားအသုံးပြုကာ ကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။

ဖုန်းလုတဲ့ ဂိုဏ်းအဖွဲ့ဝင် ၆ ဦးနဲ့ ကိုမင်း(ခ)မင်းမင်းထွန်း၊ နန်းလွင်အောင် တို့ကို အရေးယူ ဆောင်ရွက်လျက်ရှိပြီး  အခြားကျူးလွန်မှုတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။

ဖုန်းတွေကို ပိုင်ရှင်တွေ ပြန်လည်ရရှိနိုင်စေရေးအတွက် ရဲတပ်ဖွဲ့ကစုံစမ်း ဆောင်ရွက် နေပြီး ပိုင်ရှင်တွေအနေနဲ့ ဗဟန်းမြို့မရဲစခန်းကို လာရောက်ဆက်သွယ်စုံစမ်းနိုင်တယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013