DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမားများကို မမုန်းရန် ထိုင်းပြည်ပြေး ဖေ့ဘွတ်ခ်က ပြော
DVB
·
July 1, 2016
မြန်မာအလုပ်သမားများကို မမုန်းရန် ထိုင်းပြည်ပြေး ဖေ့ဘွတ်ခ်က ပြော
Donate to DVB

ထိုင်းနိုင်ငံ ပြည်ပြေးတဦးက ထိုင်းမှာ အလုပ်လာလုပ်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ရန်လိုနှိမ်ချတဲ့ သဘောထားတွေကို ပြောင်းလဲဖို့ ဖေ့ဘွတ်ခ်ကနေတဆင့် တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ရာမှာတော့ အလွှာအသီးသီးက ဧည့်ဝတ်ကျေပြွန်စွာ ကြိုဆိုခဲ့တယ်လို့ ချန်တီကောင်ဆန်က လူမှုရေး ကွန်ရက်ဖေ့ဘွတ်ခ်မှာ ဓာတ်ပုံတွေနဲ့အတူ တင်ခဲ့ပါတယ်။

“ထိုင်းတွေ မြန်မာတွေကို မုန်းတီးနေတာ၊ မနာလိုဝန်တိုတာတွေကို သိရတာ နာကျင်မိတယ်” လို့လည်း သူက ရေးသားပါတယ်။

အရင်သီတင်းပတ်က မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုင်းကို သွားရောက်ခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ သူရဲ့ စိုးရိမ်ပူပန်မှုတွေကို သတင်းဌာနတွေက ရေးသားရာမှာ ရန်လိုတဲ့ မှတ်ချက်တွေကို ဖတ်ရတာ စိတ်မကောင်းဘူးလို့လည်း ချန်က ရေးပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား တော်တော်များများကို ဈေးပေါတဲ့ လုပ်သားတွေအဖြစ် မှတ်ထင်ထားသလို လူမှုဖူလုံရေးနဲ့ ထိုင်းအလုပ်သမားတွေ ရရှိတဲ့ အခွင့်အရေးကို မရသင့်ဘူးလို့ ထိုင်းတွေက ယုံကြည်နေတယ်လို့ သူက ရေးပါတယ်။

ဒါအပြင် မြန်မာ အလုပ်သမားတွေကို သူတို့ရဲ့ အလုပ်တွေကို ခိုးယူပြီး နှိမ်တဲ့သဘောနဲ့ ကြည့်ရှုနေတယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် ရန်ကုန်က ကျောင်းတခုမှာ စေတနာ ဆရာတဦးအဖြစ် တာဝန်ထမ်းဆောင်ရာမှာတော့ မြန်မာတွေက သူ့ကို အရမ်းခင်မင်ကြသလို သူကို ထိုင်းဖြစ်လို့ ဘယ်သူကမှ မဆန့်ကျင်သလို ထိုင်းတွေကို ကြိုက်နှစ်သက်တယ်လို့ ချန်က ရေးပါတယ်။

ဇွန် ၂၉ ရက်က သူတင်လိုက်တဲ့ ပိုစ့်ကို ၂၃၀၀ နီးပါး ကြိုက်နှစ်သက်သလို လူမှုရေးကွန်ရက် မီဒီယာပေါ်မှာ အများအပြားမျှဝေခဲ့ပါတယ်။

ဒါ့အပြင် စမွတ်စခွန်မှာ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အစိုးရမဟုတ်တဲ့ လူမှုရေး အဖွဲ့အစည်း အလုပ်သမား အခွင့်အရေး မြင့်တင်ရေးကွန်ရက်က အိမ်နီးချင်းတိုင်းပြည်က ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘ၀ကို နားလည်မှု ပိုမိုမြှင့်တင်ပေးဖို့ ရေးသားထားတဲ့ ပိုစ့်ကိုလည်း ဖေ့ဘွတ်ခ်ပေါ်တင်ခဲ့ပါတယ်။

ဒီပိုစ့်မှာ ထိုင်းတွေအနေနဲ့ အမျိုးသားရေးဝါဒကို လျော့ချပြီး ပိုမိုလူသားဆန်ဖို့ တောင်းဆိုထားပြီး၊ ထိုင်းရဲ့ စက်မှုလုပ်ငန်းအတွက် လိုအပ်တဲ့ လုပ်အားတွေမှာ မြန်မာ အလုပ်သမားတွေက အရေးပါသလို ထိုင်းတွေမလုပ်တဲ့ အလုပ်ကို လုပ်ပေးနေတယ်လို့ ပြောပါတယ်။

ဒီပိုစ့်ကို မျှဝေတဲ့သူ ၂၂၆၂၂ ဦးရှိပြီး ၄၄၀၀၀ ကျော်ကြိုက်နှစ်သက်ခဲ့ပါတယ်။ ဒါ့အပြင် လူ ၃ သောင်းနီးပါးလည်း မှတ်ချက်ပေးခဲ့ကြပါတယ်။

အများစုကတော့ ဒီအဖွဲ့ရဲ့သဘောထားကို သဘောတူသလို ဆန့်ကျင်ဖက်အမြင်တွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013