
သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုစာရင်း ကောက်ယူနိုင်ဖို့အတွက် Application မိတ်ဆက်ပွဲကို ဒီနေ့ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု ကနဦးစာရင်းကို KOBO Mobile Application အသုံးပြုပြီးကောက်ယူနိုင်ရေးအတွက် Application မိတ်ဆက်ပွဲကို ဇူလိုင်လ ၁ ရက်နေ့က နေပြည်တော် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မှာ မိတ်ဆက်ခဲ့ပါတယ်။
အခုမိတ်ဆက်တဲ့ KOBO Mobile Application နဲ့ စစ်တမ်းကောက်ယူမှုကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှု ဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) တို့ ပူးပေါင်းဆောင်ရွက်တာလည်းဖြစ်ပြီး ဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံကိန်းမှာလည်း ပါဝင်ပါတယ်။
မိတ်ဆက်ပွဲကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး UNOCHA ဌာနေကိုယ်စားလှယ် Mr. Mark Cutts နဲ့ ဌာနဆိုင်ရာက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။











