DVB Logo
Home
မြန်မာသတင်း
မိုးညိုမြို့နယ်တွင် ကမ်းပါးပြိုကျမှုကြောင့် အိမ်ခြေ ၅၀၀ ကျော် အရေးပေါ်ရွှေ့ပြောင်း
DVB
·
July 1, 2016
မိုးညိုမြို့နယ်တွင် ကမ်းပါးပြိုကျမှုကြောင့် အိမ်ခြေ ၅၀၀ ကျော် အရေးပေါ်ရွှေ့ပြောင်း
1 / 9
Donate to DVB

မိုးညိုမြို့နယ်ထဲမှာ ကမ်းပါးပြိုကျမှုကြောင့် အိမ်ခြေ ၅၀၀ ကျော် အရေးပေါ် ရွှေ့ပြောင်းနေရပြီး နေထိုင်ဖို့  အခက်အခဲဖြစ်နေကြပါတယ်။

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ထဲက အင်းတော်တလုပ်ကျေးရွာနဲ့ မကျီးကုန်းကျေးရွာ ၂ ရွာဟာ  မြစ်မခမြစ်ကမ်းပါး ပြိုကျမှုဟာ နှစ်စဉ်ဖြစ်နေပြီး  တနှစ်ကို တအိမ်၊ နှစ်အိမ် ပြိုကျနေတယ်လို့ ဒေသခံ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းကလည်း ရေကြီးနစ်မြုပ်ပြီး အိမ် ၁၀၀ ကျော်ရေထဲမျောပါသွားခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက  စပြီး တဖြည်းဖြည်း ကမ်းပါးပြိုကျမူတွေ ဖြစ်ခဲ့တာပါ။

အခုနှစ် ဇွန် ၁ ရက်ကနေ ၇ရက်နေ့ထိ အိမ် ၆၀ လောက်ဖျက်လိုက်ရပြီး ၇ ရက်နေ့ကနေ ဇွန် ၃၀ ရက်နေ့အထိ ရွာ ၂ ရွာလုံးက အိမ် ၅၀၀ ကျော် အရေးပေါ်ရွှေ့ပြောင်းလိုက်ရတာပါ။

ဒီဒေသက နှစ်စဉ် ဇွန်၊ ဇူလိုင်လတွေမှာ ရေကြီးမှုတွေဖြစ်ပေါ်ပြီး အနည်းဆုံး ၂ လ၊ ၃ လကြာအောင် ရေကြီးမှုတွေဖြစ်ပေါ်တဲ့ဒေသလည်း ဖြစ်ပါတယ်။

ရေကျသွားချိန်မှာတော့ ကမ်းပါးပြိုမှုတွေက အမြဲတန်းလိုလိုဖြစ်ပေါ်နေပြီး ဒီနှ်စ်ပြိုကျမှုကတော့ အဆိုးဆုံးဖြစ်တယ်လို့ ဒေသခံ ဒီဗွီဘီသတင်းထောက်ကဆိုပါတယ်။

ဒီရွာ ၂ ရွာမှာ မူလတန်းကျောင်း ၂ ကျောင်းနဲ့ စေတီ ၈ ဆူတို့ ထပ်မံဖယ်ပေးရမယ့် အခြေအနေကြောင့် ဒေသခံတွေကလည်း စိုးရိမ်မကင်းဖြစ်နေကြပါတယ်။

အဲဒီမြစ်မခမြစ်ဟာ ဧရာဝတီမြစ်ရဲ့မြစ်လက်တက်ခွဲတခုဖြစ်ပြီး လှိုင်မြစ်ထဲကို စီးဝင်တဲ့ မြစ်လည်းဖြစ်ပါတယ်။

သတင်းနှင့်ဓာတ်ပုံ - မင်းညို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013