DVB Logo
Home
မြန်မာသတင်း
သမ္မတရုံး ဗိုင်ဗာ အကောင့်ဖွင့်
DVB
·
June 30, 2016
သမ္မတရုံး ဗိုင်ဗာ အကောင့်ဖွင့်
Donate to DVB

မြန်မာသမ္မတရုံး “Myanmar President Office” နာမည်နဲ့ ဗိုင်ဗာမှာ Public Chat ကို ဖွင့်လှစ်လိုက်ပါတယ်။

ဇွန် ၃၀ ရက်စွဲနဲ့ ဒီအကောင့်ဖွင့်လှစ်လိုက်တဲ့အကြောင်း သမ္မတရုံး ပြောဆိုခွင့်ရ ဦးဇော်ဌေးက လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ကြေညာပါတယ်။

ဒီအကောင့်ကို အက်ထားမယ်ဆိုရင် နိုင်ငံတော်သမ္မတရုံးနဲ့ ပတ်သက်တဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ တင်ပေးနေတယ်လို့ ဆိုပါတယ်။

သမ္မတရုံးနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖတ်ရှုနိုင်ဖို့ အတွက် ဗိုင်ဗာမှာ ဒီအကောင့်ကို Follow လုပ်ထားရမှာ ဖြစ်ပါတယ်။

ဗိုင်ဗာကို ဖွင့်ပြီး Public Chat အမှတ်အသားကို နှိပ်ရမှာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ Public Chat နဲ့ ပတ်သက်ပြီး ရှာဖွေနိုင်တဲ့ Find More Public Chat ကိုနှိပ်ရမှာ ဖြစ်ပါတယ်။

ဒီနောက်မှာတော့ စာရိုက်ပြီး ရှာဖွေလို့ရတဲ့ နေရာမှာ Myanmar President Office ကို နှိပ်ပြီး Follow လုပ်လိုက်ရင် သမ္မတရုံးနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013