DVB Logo
Home
မေးမြန်းခန်း
တောင်ငူမြို့ ရေကြီးမှုနှင့်ပတ်သက်ပြီး မေးမြန်းချက်
DVB
·
September 19, 2011
Donate to DVB

ပဲခူးတိုင်း တောင်ငူမြို့နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့ ကတည်းကစပြီး မိုးဆက်တိုက်ရွာသွန်းမှုနဲ့ ဆည်ရေတွေ ဖောက်ချတဲ့အတွက် ရေကြီးနေပါတယ်။

ရေကြီးမှုနဲ့ပတ်သက်လို့ လေ့လာထားတဲ့ တောင်ငူမြို့ အခမဲ့စာသင်ကြားရေးကျောင်းက ဆရာဦးစိန်ထွန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

တောင်ငူမှာ ရေကြီးတာ ဘယ်တုန်းက စဖြစ်ပြီးတော့ ဘယ်လောက်လောက် အခြေအနေတွေဖြစ်လဲ၊ ဘာတွေလိုအပ်နေလဲ။

“ရေလွှမ်းတာကတော့ ပြီးခဲ့တဲ့ ၈ လပိုင်း ၆ ရက်နေ့က စတယ်။ ကြားထဲမှာ ၁၅ ရက်နေ့လောက်မှာ တခါဆင်းသွားတယ်။ ရေနည်းသွားပြီး နောက်တပတ်လောက်ကြာမှာ ပြန်တက်လာတာကနေ ဒီနေ့ထက်ထိ ပြန်တက်လာတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အမြင့်ဆုံးပြန်တက်လာတယ်။ ဒါပေမယ့် မနေ့ကညနဲ့ ဒီနေ့မနက်ခင်းတော့ ရေတော်တော်လျော့သွားတယ်။”

ရေလွှမ်းတယ်ဆိုတာ မြစ်ကလာတဲ့ရေလား။ မိုးရွာလို့လာတဲ့ရေလား။

“မိုးက ရေကြီးလောက်အောင် မရွာပါဘူး။ မြစ်ကလာတဲ့ အတွက်ကြောင့်ပါ။”

အဲဒီတော့ ဒီတောင်ငူနယ်မှာ အရင်တုန်းက ဒါမျိုးဖြစ်ဖူးလား။

“ကြီးတာက ကြီးဖူးတယ်။ မိုးရွာလို့ မြစ်ရေလျှံတာ။ အဲဒါတော့ တကယ်တမ်း ကြီးတဲ့နှစ်တိုင်းမှာ ၅ရက်ဟာ အလွန်ဆုံးပဲ။ အခုဟာက ဆည်တွေက ဖောက်ချလိုက် ကြီးလိုက်။ ပြန်လျော့သွားလိုက်။ တလနေလိုက် နောက်တခါဖောက်ချလိုက် ကြီးလိုက်နဲ့ ရေကြီးတာ သံသရာလည်နေတယ်။”

ဘယ်နှရွာလောက် ထိခိုက်နေလဲ။

“ရွာတွေကတော့ အများကြီးပဲ။ မိုးကောင်း၊ သာချောင်း၊ ကရင်ချောင်း၊ ညောင်ပင်သာ၊ မီးစု တောင်ငူမြစ်ချောင်းဘေး ရပ်ကွက် ၅ ခု။ နောက်တော့ ပေါက်တော၊ ရှမ်းစုကြီး၊ သရက်တော၊ ရွှေတံတား၊ ဟိုးအထက်မှာလည်း အများကြီးပဲ။”

ခန့်မှန်းခြေ ရွာပေါင်း ဘယ်လောက်ရှိလဲ။

“၂၂ ရွာလောက်ရှိတယ်။ လူနေအိမ်ခြေက ၂၀၀၀ ၀န်းကျင်လောက်ရှိမယ်။ လူ ၁၀၀၀၀ ၀န်းကျင် ရှိတယ်။”

လယ်အခြေအနေကော ဘယ်လိုရှိလဲ။

“လယ်တွေကတော့ မျှော်လင့်ချက် မရှိတော့ဘူး။”

ကျောင်းတွေနဲ့ တခြားလုပ်ငန်းတွေကော ထိခိုက်တာရှိလား။

“တခြားလုပ်ငန်းတွေတော့ ထိခိုက်တာ မရှိဘူး။ ကျောင်းကတော့ မူလတန်း ၇ ကျောင်းကျန်သေးတယ်။ ဖွင့်မရတာ။”

ရွာတွေမှာ ဖြစ်တာနဲ့ပတ်သက်ပြီး သူတို့တွက် ထောက်ပံ့ကြေးပစ္စည်းတွေကော အဆင်ပြေရဲ့လား။

“လာတော့လာတယ်။ လှူတဲ့လူတွေ လာတော့လာကြတယ်။ ဒါပေမယ့် လူကသိပ်များတယ်။ ရက်သိပ်ရှည်တော့ မဖြစ်သလောက်ဘဲ ရတယ်။ သူတို့လည်း လှူထားတာက ဆက်တိုက်ပေးပြီးပြီ။ လိုအပ်နေဆဲပဲပေါ့။”

စားရေးသောက်ရေး အနေနဲ့ ဘယ်လိုရှိလဲ။

“အဲလိုပဲ ဖြစ်သလိုပဲ နေရတာပဲ။ တခါလာလှူရင် တအိမ်ထောင် ဆန် ၂ ပြည်လောက်ရမယ်။ သုံးရက်လောက်စားမယ်။ အဆင်ပြေသလို လာလှူနေကြတာဆိုတော့ ရသလောက်ပဲ။”

ပြည်သူ့လွှတ်တော် အမတ်တို့၊ တောင်ငူအမတ်တို့ ပဲခူးတိုင်းဒေသ ၀န်ကြီးချုပ်တို့ကကော ဘယ်လိုလာထောက်ပံ့တာ တွေ့ရလဲ။

“အဲဒီတိုင်းဒေသကြီးနဲ့ ကိုယ်စားလှယ်တွေတော့ လာထောက်ပံ့ပါတယ်။ သူတို့က တကြိမ်ပဲ ထောက်ပံ့ကြတာ။ ပေါက်တောကို ထောက်ပံ့တာဆို တကြိမ်ပဲ ထောက်ပံ့တာ ဆန်အိတ် ၂၀ ပေါ့။ သူထောက်ပံ့နိုင်သလောက်  ထောက်ပံ့တာ ကျေးဇူးတင်ပါတယ်။ အခုဖြစ်နေတဲ့ ဒုက္ခသည်ဦးရေနဲ့ ရက်နဲ့ အခြေအနေနဲ့ စာရင်တော့ အရမ်းကို နည်းပါးလွန်းတာပေါ့။”

အခုဟာက လူတယောက်ကို ဆန်တနေ့ကို ၂ ဘူးနှုန်းနဲ့ လူ ၁၀၀၀၀ ဆိုရင် ဆန်ဘူးရေ ၂ သောင်းလောက်လိုတာပေါ့။ တောင်ငူတ၀ိုက်မှာပဲ ဖြစ်တာလား။ ကျန်တဲ့နယ်တွေမှာ ဘာတွေကြားသေးလဲ။

“ရေတာရှည်မှာလည်း ဖြစ်တယ်။ သူတို့က လယ်မြေနဲ့ ပိုနီးတဲ့အခါကျတော့ ရွှေ့ရတာ။ ကျနော်တို့ ဒီဘက်တွေပဲ မြေနိမ့်နေတဲ့ ရွာတွေရဲ့ အိမ်တွေက ပျက်စီးကုန်တယ်။ တလလောက်ရှိနေပြီ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013