DVB Logo
Home
မြန်မာသတင်း
ထိုင်းအရာရှိများ ထုတ်ပယ်ခံရမှု ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ကြောင့်မဟုတ်ဟု ထိုင်းက တောင်းပန်
DVB
·
June 30, 2016
ထိုင်းအရာရှိများ ထုတ်ပယ်ခံရမှု ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ကြောင့်မဟုတ်ဟု ထိုင်းက တောင်းပန်
Donate to DVB

ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင်ငံဝန်ကြီးချုပ်ရဲ့ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ သွားရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်ရဲ့ ခရီးစဉ်အတွင်းမှာ ထိုင်းရဲအရာရှိကြီးတွေ ထုတ်ပယ်ခံရတာဟာ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်ကြာင့် မဟုတ်ဘူးလို့ ထိုင်းဘက်က တောင်းပန်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့ခရီးစဉ်ကြောင့် ထိုင်းအရာရှိတွေကို အလုပ်က ဖြုတ်တာမျိုး မလိုလားကြောင်း ထိုင်းနိုင်ငံ၊ ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်မှာ မနေ့က တွေ့ဆုံစဉ် ပြောကြားခဲ့တာကြောင့် ထိုင်းဘက်က အခုလို တောင်းပန်တာလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာတွေကို ပြောပါတယ်။

"ထိုင်းဘက်က ဒေါ်အောင်ဆန်းစုကြည်ကို မေတ္တာရပ်ခံတာ၊ တောင်းပန်တာ။ ဘာလည်းဆိုတော့ ထိုင်းနိုင်ငံကို သွား ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ ထိုင်းဘက်ကအရာရှိတွေကို ရာထူးက ဖြုတ်လိုက်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ခရီးစဉ်ကြောင့် ဒီအရာရှိတွေ အလုပ်ဖြုတ်ခံရတယ် ဆိုတဲ့ဟာမျိုး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မလိုလားပါဘူး။ သူ့ကြောင့် သူတို့တွေ ဒုက္ခရောက်တယ်ဆိုတာမျိုး မဖြစ်စေချင်ဘူး။ အဲဒါနဲ့ သူစိတ်မကောင်းဖြစ်ရတဲ့အကြောင်း ပြောတဲ့အခါမှာ ထိုင်းနိုင်ငံဘက်က ပြန်ရှင်းပြခဲ့တာပါ။သူတို့ဟာ လူကုန်ကူးမှုနဲ့ပတ်သက်ပြီးတော့ ပါဝင်ပတ်သက်နေတဲ့ အရာရှိကြီးတွေဖြစ်ပါတယ်။ အဲဒါကို ထိုင် နိုင်ငံရဲ့ဥပဒေအရ စုံစမ်းစစ်ဆေးနေတာရှိပါတယ်။ စုံစမ်းစစ်ဆေးတဲ့အခါ ပေါ်လွင်လာတဲ့အခါမှာ တည်ဆဲဥပ ဒေအရ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်ကြောင့် မဟုတ်ဘူးဆိုတာ ပြန်ရှင်းပြပါတယ်။"

ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ မဟာချိုင်ထလေထိုင်းခန်းမမှာ မြန်မာအလုပ်သမားတွေ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအလုပ်သမားတွေ တွေ့ဆုံဖို့ ပထမ စီစဉ်ထားတဲ့ ထလေထိုင်းခန်းမထဲ ဦးရာလူစနစ် ၀င်ရောက်မယ့်အစီစဉ်ကို ဖျက်သိမ်းခဲ့ပြီး ဒေသ အာဏာပိုင်တွေရဲ့ စီမံချက်အရ စက်ရုံတွေက အလုပ်သမားတွေကို ကားတွေနဲ့ ခေါ်ဆောင်ပြီး ပေးဝင်ခဲ့တာကြောင့် လူမှုကွန်ရက်တွေမှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

ဒီနောက် ထိုင်းအမျိုးသားတည်ငြိမ်အေးချမ်းရေးကောင်စီ (စစ်ကောင်အစီအစိုးရ)က ဇွန် ၂၄ ရက်နေ့ ရက်စွဲနဲ့ နယ်မြေခံထဲမှာ ပြစ်မှုဖြစ်ပေါ်အောင် လွှတ်ထားတာ၊ တာဝန်ဝတ္တရားပေါ့လျော့တာ စတဲ့ တိုင်ကြားချက်တွေကြောင့် စမွတ်စခွန် ခရိုင်ဝန်၊ ခရိုင်ဥပဒေချုပ်၊ ခရိုင်ရဲချုပ်၊ အမှတ် ၉ စစ်ဒေသတိုင်းမှူး၊ ခရိုင်အလုပ်သမားရုံး ညွှန်ချုပ်နဲ့ အရာရှိအရာခံ စုစုပေါင်း ၂၃ ဦးကို မူလရာထူးကေ ယာယီချထားပြီး အခြားဌာနတွေကို ရွှေ့ပြောင်းတာဝန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို တာဝန်ရှိသူ ၂၃ ဦးကို တာဝန်ကနေ ခေတ္တဖယ်ရှားလိုက်တာဟာ  ထလေခန်းမ ဖြစ်စဉ်နဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ မဟာချိုင်အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားအဖွဲ့တွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေး ၀န်ကြီးရာထူး ရယူပြီး ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို ၃ ရက်ကြာခရီး ရောက်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013