DVB Logo
Home
မြန်မာသတင်း
တဦးချင်းမှတ်ပုံတင် ITC ကတ်ဖြင့် မော်တော်ဆိုင်ကယ်တင်သွင်းခွင့်ပြု
DVB
·
June 29, 2016
တဦးချင်းမှတ်ပုံတင် ITC ကတ်ဖြင့် မော်တော်ဆိုင်ကယ်တင်သွင်းခွင့်ပြု
Donate to DVB

တဦးချင်း ကုန်သွယ်မှု Individual Trading Card (ITC) ကတ် ရှိသူများအနေဖြင့် တရုတ်နိုင်ငံမှ မော်တော်ဆိုင်ကယ်တွေကို သီတင်းတပတ်လျှင် ငါးစီးနှုန်းထိ တင်သွင်းခွင့်ပြု မယ်လို့ တရုတ်မြန်မာနယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဂိတ်က စာထုတ်ပြန်ပါတယ်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက နယ်စပ်ဒေသရှိ ITC မှတ်ပုံတင်ကတ်ကိုင်ဆောင်သူ လုပ်ငန်းရှင်ငယ်တွေ မော်တော်ဆိုင်ကယ်တွေ တရားဝင် လမ်းကြောင်းကနေ သယ်ယူစေဖို့အတွက် ဇွန်လ ၁၇ ရက်နေ့ကျင်းပတဲ့ ၀န်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးမှာ တင်သွင်းခွင့်ဖြေလျော့ပေးခဲ့တာဖြစ်ပါတယ်။

“တဦးချင်းမှတ်ပုံတင် ITC ကတ်ဖြင့် မော်တော်ဆိုင်ကယ်တင်သွင်းခွင့်ပြုပြီ’ဆိုတဲ့ စာမျက်နှာ ၃ မျက်နှာပါ ကြေညာချက်ကို မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်က တာဝန်ရှိသူ ဒေါ်ခင်မာမြင့်က ထုတ်ပြန်ခဲ့ပါတယ်။
ဒီဗွီဘီက ဆက်သွယ်ဖို့ ကြိုးစားရာမှာ အစည်းအဝေးလုပ်နေဆဲမို့ ပြန်လည်ဖြေကြားနိုင်ခြင်းမရှိ သေးပါဘူး။

ကြေညာချက်မှာ ITC ကတ်ကိုင်ဆောင်သူလုပ်ငန်းရှင်တဦးလျှင် တရက် မော်တော်ဆိုင်ကယ် ၁ စီးနှုန်း၊ တပတ်လျှင် မော်တော်ဆိုင်ကယ် ၅ စီးနှုန်းထိ၊ တကြိမ်တည်း စုဆောင်းတင်သွင်း လိုပါကလည်း လိုင်စင်ဆောင်ရွက်ခွင့်ပြုမယ်လို့ဆိုပါတယ်။ ၁ လ စမ်းသပ်ဆောင်ရွက်ရာမှာ လုပ်ငန်းတိုးတက်မှုပေါ်မူတည်ပြီး ITC ဆောင်ရွက်ခွင့်ပြုသည့်တန်ဖိုးတရက်လျှင် သိန်း ၃၀ နှုန်းနဲ့ တပတ်စာ ကျပ်သိန်း ၁၅၀ ခွင့်ပြုဘောင်အတွင်း စီးရေတိုးမြှင့်ခွင့်ပြုမယ်လို့ ဆိုပါတယ်။
ကုန်သွယ်မှုဆောင်ရွက်ရာမှာလည်း လိုင်စင်ခွင့်ပြုသတ်မှတ်ကာလ ၇ ရက်အတွင်း အခက်အခဲ မရှိ လွယ်ကူလျင်မြန်စွာနဲ့ ရုံးလုပ်ငန်းပိုင်း မခက်ခဲအောင် သက်ဆိုင်ရာဌာနတွေနဲ့ လုပ်ငန်းညှိနှိုင်း ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

မော်တော်ဆိုင်ကယ်လိုင်စင်ထုတ်ပေးရေး လွယ်ကူလျင်မြန်စေဖို့အတွက်လည်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်က သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန (မူဆယ်) ထံအကြောင်းကြားထားပြီးလည်းဖြစ်တယ်လို့ဆိုပါတယ်။

ကြေညာချက်ထဲမှာပဲ ဒီနှစ်အတွင်းမှာ ဒီဇုန်ကနေ ဖြတ်သန်းပြီးတင်သွင်းနေတဲ့ တရုတ်ဆိုင် ဆိုင်ကယ်တွေရဲ့ Model Year, Brand Name, Engine Power တို့အလိုက် လိုင်စင်ဈေးနှုန်းတွေကိုလည်း တပါတည်းဖော်ပြထားပါတယ်။

အခုလက်ရှိမှာတော့ မော်တော်ဆိုင်ကယ် ကနဦးလိုင်စင်တွေကို ရန်ကုန်၊ မန္တလေးနဲ့နေပြည်တော်တို့မှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးတွေမှာ ထုတ်ပေးနေပါတယ်၊ ITC ကတ်နဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ တင်သွင်းတဲ့ မော်တော်ဆိုင်ကယ်တွေကို မူဆယ်မှာပဲ လိုင်စင်ထုတ်ပေးနိုင်အောင် စီစဉ်နေပြီး ခွင့်ပြုချက်ရတာနဲ့ တပြိုင်နက် လုပ်ငန်းရှင်ငယ်တွေကို ထပ်မံကြေညာပေးမယ်လို့ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013