DVB Logo
Home
မြန်မာသတင်း
ရထားလမ်းပေါ် လမ်းလျှောက်သူ ရထားတိုက် သေဆုံး
DVB
·
June 29, 2016
ရထားလမ်းပေါ် လမ်းလျှောက်သူ ရထားတိုက် သေဆုံး
Donate to DVB

ပဲခူးမြို့မှာ ဇွန် ၂၉ ရက်နေ့ မနက် ၁၀ နာရီကျော်အချိန်က မီးရထားသံလမ်းပေါ် လမ်းလျှောက်သူ အမျိုးသားတဦး ရထားကြိတ် သေဆုံးခဲ့တယ်လို့ ပဲခူးမြို့ အမှတ် ၂ နယ်မြေ ရဲစခန်းက ပြောပါတယ်။

ပဲခူးမြို့ ကျွန်းသာယာရပ်ကွက် နယ်မြေ ၁၅၊ မီးရထားကြေးနန်းမိုင်တိုင်အမှတ် (၄၅/၂၀) နဲ့ (၄၅/၂၁) အကြား ရန်ကုန်-မန္တလေး အဆန်ရထားလမ်းပေါ်မှာ အသက် ၄၀ အရွယ် အမျိုးသားတဦး ရထားကြိတ်သေဆုံးခဲ့တာပါ။

အမျိုးသားတဦး ရထားကြိတ်သေဆုံးနေတယ်ဆိုပြီး ပဲခူးမြို့ ကျွန်းသာယာရပ်ကွက်က ဆယ်အိမ်မှူး ဦးစိုးဝင်းက အမှတ် ၂ နယ်မြေရဲစခန်းကို ဖုန်းနဲ့ ဆက်သွယ်အကြောင်းကြားတဲ့ အတွက် စခန်းမှူး ရဲအုပ်စိန်လွင်၊ တာဝန်မှူး ဒုရဲအုပ် နိုင်ဝင်းနဲ့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်နိုင်ဝင်းတို့ သွားရောက်စစ်ဆေးခဲ့ပါတယ်။

သေဆုံးသူဟာ ကျွန်းသာယာရပ်ကွက် နယ်မြေ ၁၅ ဘိုတဲကုန်း ၃ လမ်းနေ ကိုနိုင်စိုးဖြစ်ပြီး သူဟာ ဘာအလုပ်မှမလုပ်ဘဲ အရက်အလွန်အကျွံသောက်တက်သူတဦးဖြစ်ပြီး ရပ်ကွက်အတွင်း နေရာအနှံ့ သွားလာတက်သူဖြစ်တယ်လို့ အမှတ် ၂ ရဲစခန်းက ပြောပါတယ်။

အခုဖြစ်စဉ်မှာ အရက်အလွန်အကျွံ သောက်စားထားပုံရပြီး ရထားသံလမ်းအတိုင်း လမ်းလျှောက် သွားစဉ် ရန်ကုန် - မန္တလေး အဆန်ရထား ခရီးသည်တင် အမြန်ရထား ရထားအမှတ် (၃၁)၊ စက်ခေါင်းအမှတ် DF- 1200-06 လာတဲ့အချိန် တိုက်မိသွားတာလို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ အလောင်းကိုဆေးရုံပို့ဆောင်ပြီး ကိုနိုင်စိုး သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်/မဟုတ် စစ်ဆေးပေးဖို့ ဒုရဲအုပ်နိုင်ဝင်းက တရားလို ပြုလုပ်တိုင်တန်းခဲ့လို့ အမှတ် ၂ နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၁၇/၂၀၁၆) နဲ့အမှုဖွင့်ကာ ရဲအုပ်စိန်လွင်က ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း - အောင်စိုးမိုး(ပဲခူး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013