DVB Logo
Home
မြန်မာသတင်း
အမေရိကန် လူကုန်ကူးမှု အစီရင်ခံစာတွင် မြန်မာ အနိမ့်ဆုံးအဆင့်ရောက်
DVB
·
June 29, 2016
အမေရိကန် လူကုန်ကူးမှု အစီရင်ခံစာတွင် မြန်မာ အနိမ့်ဆုံးအဆင့်ရောက်
Donate to DVB

အမေရိကန်ပြည်ထောင်စုရဲ့ နှစ်စဉ်ထုတ်ဝေတဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာမှာ မြန်မာကို အဆင့် ၃ အနိမ့်ဆုံးအဆင့် သတ်မှတ်လိုက်ပါတယ်။

ဇွန် ၃၀ ရက်မှာ ထုတ်ပြန်မယ့် လူကုန်ကူးမှု အစီရင်ခံစာ (တီအိုင်ပီ)မှာ  မြန်မာကို အဆင့်သတ်မှတ်ချက် Tier 3 အထိ သတ်မှတ်ဖို့ အမေရိကန်က စီစဉ်နေတယ်လို့ ၀ါရှင်တန်နဲ့ ဘန်ကောက်အခြေစိုက် အမေရိကန် အရာရှိကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

အရင်က စောင့်ကြည့် အဆင့် Tier 2 သတ်မှတ်ခံထားရတဲ့ မြန်မာအတွက် ဒီအဆင့်သတ်မှတ်ချက်ဟာ အီရန်၊ မြောက်ကိုးရီးယား၊ ဆီးရီးယားတို့နဲ့အတူ တတန်းတည်း သတ်မှတ်ခံရတာဖြစ်သလို အစိုးရသစ်ကို သတိပေး နှိုးဆော်လိုက်တာလို့ ဆိုပါတယ်။

Tier 3 အဆင့်သတ်မှတ်ချက်ဟာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်နိုင်ပြီး အမေရိကန်နဲ့ နိုင်ငံတကာ အကူအညီတွေအပေါ် အကန့်အသတ်သာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒါအပြင် လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုအတွက် လိုအပ်တဲ့ အနည်းဆုံး စံနှုန်းတွေကို မပြည့်မီဘူးလို့ ဆိုလိုတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို သတ်မှတ်ဖို့အတွက် မြန်မာရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအပေါ် ထောမနာ ပြုချင်တဲ့ အမေရိကန် သံတမန်တွေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ထိထိရောက်ရောက် မလုပ်ဆောင်သေးဘူးလို့ ပြောဆိုနေတဲ့ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေ အကြား အပြင်းအထန် ငြင်းခုံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

စစ်တပ်ရဲ့ တပ်သားသစ် စုဆောင်းမှုနဲ့ ကလေးစစ်သား အသုံးပြုမှုတွေ အပါအ၀င် အထူးသဖြင့် ဒေသခံရွာသားတွေကို အတင်းအကြပ် လုပ်အားပေးခိုင်းစေမှုရပ်တန့်ဖို့ အားထုတ်မှုတွေကို အဓိက ပစ်မှတ်ထားပြီး မြန်မာရဲ့ မှတ်တမ်းကို ချင့်ချိန်ဆောင်ရွက်တာလို့ ဆိုပါတယ်။

ဒီလိုလုပ်ရပ်တွေဟာ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက အထောက်အထား ပြုစုထားသလို အရင်နှစ် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ အစီရင်ခံစာမှာလည်း ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်က ကလေးစစ်သားအသုံးပြုမှုကို ပပျောက်အောင် လုပ်ဆောင်ရာမှာ တိုးတက်မှုတွေရှိနေပေမယ့် အမေရိကန် လူကုန်ကူးမှု တိုက်ဖျက်ရေး အရာရှိတွေ တိုက်တွန်းထားတဲ့အတိုင်း အမြစ်ပြတ် လုပ်ဆောင်ဖို့ အရိပ်အယောင်မရှိဘူးလို့ ဆိုပါတယ်။

ဒီလိုသတ်မှတ်လိုက်တာဟာ  လူနည်းစု ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ဆက်လက်လုပ်ဆောင်နေတဲ့ နှိပ်ကွပ်မှုတွေအပေါ် အမေရိကန်က စိုးရိမ်ပူပန်ကြောင်း ဆက်ပြသလိုက်တာလို့လည်း သတင်းက ရေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013