DVB Logo
Home
မြန်မာသတင်း
ကာချုပ်နှင့် အန်စီအေအပစ်ရပ် ၈ ဖွဲ့ခေါင်းဆောင်များ တွေ့မည်
DVB
·
June 29, 2016
ကာချုပ်နှင့် အန်စီအေအပစ်ရပ် ၈ ဖွဲ့ခေါင်းဆောင်များ တွေ့မည်
Donate to DVB

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်အန်စီအေ  လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့  (EAO PPST) နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ခေါင်းဆောင်တဲ့အဖွဲ့တို့ နေပြည်တော်မှာ ဒီကနေ့ နေ့ခင်းတွေ့ဆုံကြမှာ ဖြစ်ပါတယ်။

(EAO PPST) အဖွဲ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ မနေ့က တွေ့ဆုံခဲ့ကြပြီးနောက် စစ်ဘက်ခေါင်းဆောင်တွေနဲ့ ဆက်တိုက် တွေ့ဆုံမှုဖြစ်ပါတယ်။

(EAO PPST) အဖွဲ့ဝင် ခွန်ဥက္ကာက “ကျနော်တို့ ဒီကနေ့နေ့လည် ၂ နာရီမှာ ကာချုပ်နဲ့တွေ့မယ်။ အရင်အစိုးရတုန်းကလည်း ဦးသိန်းစိန်နဲ့တွေ့ပြီးတော့ ကာချုပ်နဲ့တွေ့တယ်။ ဒါကလည်း ကျနော်တို့ ကြိုတင်ပြီးတော့ ခွင့်တောင်းထားလို့ပါ။ ကျနော်တို့ရှစ်ဦးပေါ့။ ဗိုလ်ချုပ်ယွက်စစ် (ရှမ်းပြည် တပ်မတော်တောင်ပိုင်း) နေရာမှာတော့ ဗိုလ်မှူးချုပ် ဘောင်ခေးနဲ့  အစားထိုးတာပဲ ရှိပါတယ်။ ကျန်သူတွေကတော့ ကျနော်တို့အဖွဲ့ဝင်တွေပါပဲ။

တပ်မတော်ဘက်က စီစဉ်တဲ့နေရာမှာပဲ တွေ့ကြမှာဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးမယ့် အကြောင်းအရာနဲ့ပတ်သက်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက “ပြောလိုမရသေးဘူးဗျ၊ တွေ့ပြီးမှာပဲ ကျနော်တို့။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ လက်မှတ်ထိုးပြီးနောက်၊ ငြိမ်းချမ်းရေးညီလာခံ လုပ်ပြီးတဲ့နောက်မှာ ကျနော်တို့ ၈ ဖွဲ့ကို တရားဝင်ပေါ့့ဗျာ တွေ့ဆုံတာတွေ၊ အသိအမှတ်ပြုတာ တွေ ဘာတွေ မရှိသေးတော့ အဲဒီဟာပါပဲ၊ အဓိကကတော့ ပြန်ပြီးတော့တွေ့ဆုံ၊ ပြန်ပြီးတော့ အသိအမှတ်ပြုတဲ့လက္ခဏာ၊ အဲဒါလေးပါ” လို့ ပြောပါတယ်။

မနေ့က EAO PPSTအဖွဲ့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့တွေ့ဆုံပွဲမှာ ပြည်ထောင်စုညီလာခံ- (၂၁ ရာစုပင်လုံ) ကို လာမယ့် သြဂုတ်လနောက်ဆုံးသီတင်းပတ်ထက် နောက်မကျစေဘဲ စတင်ကျင်းပဖို့ မူအားဖြင့် သဘောတူညီခဲ့ကြပါတယ်။

လာမယ့်ရက်ပိုင်းတွေအတွင်းမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်စီအေ အပစ်ရပ်လက်မှတ်မထိုးကြသေးတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ် ကောင်စီ တိုင်းရင်းသားမဟာမိတ်အဖွဲ့ကခေါင်းဆောင်တွေ တွေ့ဆုံကြဖို့ စီစဉ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ကာချုပ်နှင့် အန်စီအေအပစ်ရပ် ၈ ဖွဲ့ခေါင်းဆောင်များ တွေ့မည်