DVB Logo
Home
Lead Story
မကွေးတွင် နိဗ္ဗာန်ယာဉ်ဖြင့် တရားမ၀င်သစ်များ သယ်ဆောင်မှု ဖမ်းမိ (ဓာတ်ပုံ)
DVB
·
June 29, 2016
မကွေးတွင် နိဗ္ဗာန်ယာဉ်ဖြင့် တရားမ၀င်သစ်များ သယ်ဆောင်မှု ဖမ်းမိ (ဓာတ်ပုံ)
1 / 4
Donate to DVB

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်မှာ နိဗ္ဗာန်ယာဉ် လိုင်စင်တပ် မော်တော်ယာဉ်နဲ့ တရားမ၀င်သစ်ခွဲသား သယ်ဆောင်လာသူ တဦးကို ဇွန် ၂၇ ရက်နေ့ညက ဖမ်းဆီးလိုက်ပါတယ်။

ဖြစ်စဉ်မှာ မြို့သစ်မြို့နယ်ဘက်ကို ယာဉ်မောင်း ကိုရဲနိုင် မောင်းနှင်လာတဲ့ စူပါကာစတန် ခဲရောင်ယာဉ်ကို တာဝန်ရှိသူတွေက  ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းမှာ ထိုင်ခုံတွေ ဖြုတ်ပြီး  တင်ဆောင်လာတဲ့ တရားမ၀င် ကျွန်းသစ်ခွဲသား ဆိုဒ်စုံ (၈၆) ချောင်း၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၁ သိန်း ၆ သောင်းကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

တရားမ၀င် ကျွန်းသစ်ခွဲသားတွေကို ဇွန် ၂၈ ရက်နေ့မှာ မြို့သစ် မြို့နယ်သစ်တောဦးစီးဌာနရုံးမှာ သိမ်းဆည်းထားပြီး သစ်တော အက်ဥပဒေပုဒ်မ ၄၃ (က)နဲ့ အရေးယူဆောင်ရွက်နိုင်ရေး စီစဉ်နေတယ်လို့ ဒေသခံ သတင်းထောက်က ပြောပါတယ်။

သတင်းနှင့်ဓာတ်ပုံ - Bopyae Taungdwingyi

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013