DVB Logo
Home
မြန်မာသတင်း
ပရီမီယာကော်ဖီကုမ္ပဏီကို တရားစွဲမည်
DVB
·
June 28, 2016
ပရီမီယာကော်ဖီကုမ္ပဏီကို တရားစွဲမည်
Donate to DVB

အလုပ်သမားတွေကို အချိန်ပိုလုပ်ခ အပြည့်မပေးမှု၊ နားရက်မပေးမှုတွေကြောင့် ပရီမီယာကော်ဖီ ထုတ်တဲ့ ကုမ္ပဏီကို ဒီနေ့မွန်းလွဲပိုင်းမှာ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် တရားရုံးမှာ တရားစွဲမယ်လို့ အလုပ်သမားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးတဦးက ဒီဗွီဘီကို ပြောပါတယ်။

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပရီမီယာကော်ဖီကုမ္ပဏီ ကို ၁၉၅၁ အလုပ်ရုံများ အက်ဥပဒေ ပုဒ်မ ၈၅၊ ၁၉၅၁ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ ၁၄(၁)တွေနဲ့ တရားစွဲဆိုမှာဖြစ်တယ်လို့ ပြောပါတယ်။

အလုပ်ရုံနှင့် ဥပဒေများစစ်ဆေးရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ပေါက “စက်ရုံမှာ အလုပ်သမား ၃၀၀ ကျော်ရှိတယ်။ သူက အလုပ်သမားတွေကို စနေ၊ တနင်္ဂနွေပါမကျန် ပိတ်ရက် နားရက်မရှိခိုင်းခဲ့တယ်။ အချိန်ပိုတွေရှိတယ်။ စနေနေ့မှာ အချိန်ပိုက ၆ နာရီခွဲ ရှိတယ်။ ၂ နာရီခွဲစာပဲ ပေးထားတယ်။ ၄ နာရီစာလောက် လိုတယ်။ ဒါက ပုဒ်မ တစ်ခု။ နောက် ဥပဒေအရ တပတ်တရက် ပိတ်ရမှာကို မပိတ်ဘဲ အချိန်ပိုကြေးလည်း မပေးပဲခိုင်းတယ်။ ဒါနောက်ထပ်ပုဒ်မ တခုပါ”လို့ ပြောပါတယ်။

ဒီလိုချိုးဖောက်မှုတွေအရ ဝန်ကြီးဌာနက စက်ရုံက တာဝန်ရှိသူတွေကို ဇွန်လ ၁၇ရက်နေ့က ခေါ် ယူတွေ့ဆုံပြီး အလုပ်သမားတွေကို ပေးချေရမယ့် လုပ်အားခတွေပေးချေဖို့ ပြောဆိုခဲ့ပါတယ်။ ဇွန်လ ၂၀ ရက်နေ့မှာတော့ စက်ရုံဘက်က ဥပဒေအဆုံးအဖြတ်ပဲ ခံရယူမယ်လို့ အကြောင်းပြန် ခဲ့တဲ့အတွက် အခုလိုတရားစွဲတဲ့အဆင့် ရောက်ခဲ့တာဖြစ်ပါတယ်။

ပြစ်မှုထင်ရှားရင် ၁၉၅၁ အလုပ်ရုံများ အက်ဥဒေ ပုဒ်မ ၈၅ အရ ပိုင်ရှင်နဲ့မန်နေဂျာတို့က ဒဏ်ငွေကျပ်သိန်း ၂၀ စီ၊ ၁၉၅၁ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ ၁၄(၁)ပိုင်ရှင်နဲ့ မန်နေဂျာတို့က ဒဏ်ငွေ ကျပ် ၅ သောင်းစီ ပေးဆောင်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် အလုပ်သမား ၃၀၀ နီးပါးကိုပေးရမယ့် လုပ်အားခ ကျပ်သိန်း ၅၂၅ သိန်းကျော်ကိုလည်း ပေးရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013