DVB Logo
Home
မြန်မာသတင်း
ဦးညီညီလွင်ကို ထောင်ပြောင်း၍ ယခင် အမှုဟောင်းဖြင့် တရားစွဲ
DVB
·
June 28, 2016
ဦးညီညီလွင်ကို ထောင်ပြောင်း၍  ယခင် အမှုဟောင်းဖြင့် တရားစွဲ
Donate to DVB

မန္တလေးတိုင်းအိုးဘိုထောင်မှာ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဦးညီညီလွင်ကို ရန်ကုန် အင်းစိန်ထောင်ဆီ ထောင်ပြောင်းရွှေ့လိုက်ပြီး နောက်ထပ်ပုဒ်မ တခုနဲ့ စွဲချက်တင်လိုက်ပါတယ်။

ရွှေဝါရောင်အရေးအခင်းမှာ ရှင်ဂမ္ဘီရအဖြစ်ထင်ရှားခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးညီညီလွင်ကို တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့ မန္တလေးတိုင်း မဟာအောင်မြေ တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပါတယ်။

ဦးညီညီလွင်ကို မနေ့ ဇွန်လ ၂၇ ရက်နေ့က မန္တလေးအိုးဘိုထောင်ကနေ အင်းစိန်ထောင်ဆီ ပြောင်းရွှေ့လိုက်တာဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ပိတ်ထားတဲ့ကျောင်းတိုက်ထဲဝင်ခဲ့မှုနဲ့ ပြန်လည်တရားစွဲဆိုတာဖြစ်တယ်လို့ ဦးညီညီလွင်ရဲ့ အစ်မ ဒေါ်လွင်လွင်က ပြောပါတယ်။

“၂၀၁၂ တုန်းက သူက ဗဟန်းက ဘုန်းကြီးကျောင်းတခုပေါ့။ ချိတ်ပိတ်ထားတဲ့ ဘုန်းကြီးကျောင်း တခုကို သူက ဖွင့်ပြီးတော့ ၀င်လို့ အမှုကျန်ပေါ့။ အဲဒီဟာကို ပြန်ပြီးတော့ စွဲတဲ့သဘောမျိုးပါ။ ပုဒ်မက ၄၄၈ (ပိုင်နက်ကျူးလွန်မှုနဲ့ )လို့ပြောတယ်။ ”

ဦးညီညီလွင်ဟာ လာမယ့်ဇူလိုင် ၁ ရက်နေ့မှာ လွှတ်မှာဖြစ်ပေမယ့် နောက်ထပ်အမှုနဲ့ စွဲဆို လိုက်တာလို့လည်း ပြောပါတယ်။

“အစ်မက မနေ့က ဒီသတင်းကြားတဲ့အခါကျတော့ သူရဲ့အဆောင်းမှူးကို လှမ်းမေးတယ်။ သူက ဟုတ်တယ်တဲ့လာခေါ်သွားတယ်။ ဇူလိုင် ၁ ရက်နေ့လွတ်မယ်လို့ အားလုံးက သိထားတယ်။ ထပ်ပြီးတော့အမှုတိုးတာလားလို့ မေးတော့ ဟုတ်တယ်တဲ့။ ဒါပေမယ့် ၁ ရက်နေ့မတိုင်ခင် ရုံးချိန်းနဲ့ ဖြတ်ပေးမယ်လို့ ပြောသွားပါတယ်တဲ့။ ”

ဦးညီညီလွင်ကို ဒီကနေ့ မနက်ပိုင်းက ဗဟန်းမြို့နယ် တရားရုံးမှာ ပိုင်နက်ကျူးကျော်မှုနဲ့ ရုံးထုတ်ပြီး ဇူလိုင်လ ၄ ရက်နေ့ကို ရုံးပြန်လည် ချိန်းဆိုထားတယ်လို့ ပြောပါတယ်။

၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ အရှင်ဂမ္ဘီရအဖြစ် ထင်ရှားခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်း ဦးညီညီလွင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြည်ပကနေ မန္တလေးမြို့ကို နိုင်ငံကူး လက်မှတ်လျှောက်ထားဖို့ ရောက်ရှိစဉ် ဇန်န၀ါရီ ၁၉ ရက်က တရားမ၀င်နယ်ခြားဖြတ်ကျော်မှုနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကလည်း ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ၂၀၁၂ ခုနှစ်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

သံဃာတောတပါဖြစ်ခဲ့တဲ့အတွက် သီတင်းသုံးဖို့ အဆိုပါ ဗဟန်းမြို့နယ်က ဘုန်းကြီးကျောင်းမှာ တည်ခိုဖို့ ၀င်ရောက်ခဲ့လို တရားစွဲဆိုခံခဲ့ရပါတယ်။ လက်ရှိမှာလည်း အဲဒီအမှုဟောင်းနဲ့ ပြန်လည်တရားစွဲဆိုခံရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013