DVB Logo
Home
မြန်မာသတင်း
ကသာမြို့တွင် လျှပ်တစ်ပြက်ကူညီကယ်ဆယ်ရေး အခမဲ့သင်တန်းဖွင့်လှစ်
DVB
·
June 27, 2016
ကသာမြို့တွင် လျှပ်တစ်ပြက်ကူညီကယ်ဆယ်ရေး အခမဲ့သင်တန်းဖွင့်လှစ်
1 / 5
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မှာ ကောင်းသောရှမာရိ လူမှုကူညီရေးအသင်းမှ ဦးစီးပြီး ဦးကျော်သူ ပရဟိတကွန်ရက်အဖွဲ့နဲ့ မြဝတီမြို့ Z Rescue ပရဟိတအဖွဲ့တို့က ဦးစီးပြီး လျှပ်တစ်ပြက် ကယ်ဆယ်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့ မနက် ၈ နာရီအချိန်က မြို့တော်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအနေနဲ့ ရေဘေး၊ မီးဘေး၊ လေဘေးများ တွေ့ကြုံ လာခဲ့တဲ့အခါမှာ လျှပ်တစ်ပြက် အမြန်ဆုံးသွားရောက်ပြီး ကူညီဆောင်ရွက်နိုင်ဖို့ သင်တန်း လာရောက် ပို့ချပေးတာပဲဖြစ်ပါတယ်။

သင်တန်းကို (၅) ရက်တာ သင်တန်းအဖြစ် အခမဲ့ သင်ကြားပို့ချပေးမှာဖြစ်ပြီး စိတ်ဝင်စားသူ မည်သူမဆို အသက်အရွယ် အပိုင်းအခြား အကန့်သတ်မထားပဲ တက်ရောက်နိုင်မှာဖြစ်သလို သင်တန်းဆင်း လက်မှက်များ ထုတ်ပေးသွားမယ် လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာ ရှိကြတဲ့ ပရဟိတ ကူညီ ကယ်ဆယ်ရေး အသင်း အဖွဲ့များအနေနဲ့ ကွန်ရက်တခု အဖြစ် ချိတ်ဆက်ပြီး သဘာဝဘေးအန္တရာယ် ကျရောက်ရာ နေရာတွေမှာ အထိရောက်ဆုံးနဲ့ အမြန်ဆုံး သွားရောက်ကူညီနိုင်ရန် အခုလို သင်တန်းတွေ ပို့ချပေးတာဖြစ်တယ် လို့ Z Rescue မဲဆောက်မြို့ ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော် က ပြောပါတယ်။

အခုလို ဦးကျော်သူ၊ ဥက္ကဋ္ဌ၊ ပရဟိတ ကွန်ယက်အဖွဲ့နဲ့ မြဝတီမြို့ Z-RESCUE ပရဟိတခေါင်းဆောင် ဦးဇော်ဇော်၊ ကသာမြို့ ကောင်းသောရှမာရိ လူမှုကူညီရေးအသင်း တို့က ဦးစီးပြီး မနက် ၈ ခွဲကနေ ညနေ ၄ နာရီအထိ သင်တန်းပို့ချသွားမယ် လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - သီဟဆွေ (ကသာ)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013