DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် အန်စီအေလက်မှတ်ထိုးတိုင်းရင်းသားအဖွဲ့ မနက်ဖြန်တွေ့မည်
DVB
·
June 27, 2016
ဒေါ်အောင်ဆန်းစုကြည်နှင့် အန်စီအေလက်မှတ်ထိုးတိုင်းရင်းသားအဖွဲ့ မနက်ဖြန်တွေ့မည်
Donate to DVB

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် အန်စီအေ  လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က ခေါင်းဆောင် တွေ မနက်ဖြန် ၂၈ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။

မနက်ဖြန် ၁၀ နာရီ  နေပြည်တော်မှာ အန်စီအေ လက်မှတ်ထိုးထားတဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင် ၈ ဦးနဲ့ ပထမဆုံးအကြိမ် နိုင်ငံတော်အကြီးအကဲနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲဟာ ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ရင်းနှီးမှု၊ ယုံကြည်မှုရရှိဖို့ ကိုသာ အဓိကထားမှာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

“ဒါပထမအကြိမ် လက်မှတ်ထိုးထားတဲ့အဖွဲ့တွေကို နိုင်ငံတော်အကြီးအကဲအနေနဲ့ တရားဝင် တွေ့ဆုံတာဖြစ်တဲ့အတွက် ဒီပေါ်မှာ ပိုရင်းနှီးဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ယုံကြည်မှု တည်ဆောက်ဖို့အတွက် ပဏာမ အစည်းအဝေးဖြစ်တာပေါ့။ အဲဒါကိုပဲ ဦးစားပေးပြီးတော့ ဆွေးနွေးသွားမှာဖြစ်တယ်။ ဆွေးနွေးချိန်ကလည်း ၂ နာရီ ပတ်ဝန်းကျင်လောက်ရတယ်ဆိုတော့ အကြိတ်အနယ် အပြန်အလှန်ဆွေးနွေးရမယ့်ခေါင်းစဉ်ကတော့ ပါနိုင်မှာမဟုတ်ဘူး။ သို့သော် လည်း လတ်တလောရှိနေတဲ့ အန်စီအေစာချုပ်အတိုင်း ဆက်လုပ်သွားဖို့နဲ့ ၂၁ ရာစုပင်လုံကို လည်းပဲ ကျနော်တို့ အားလုံးပူးပေါင်းပါဝင်သွားဖို့၊ အားလုံးစုံညီအောင်လုပ်သွားဖို့ ဆွေးနွေးမှုမျိုး ကို အဓိက တွေ့ဆုံမှာပါ။”

အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့ စုပေါင်းပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်တဲ့ အစည်းအဝေးမှာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (EAO Peace Process Steering Team (EAO PPST) ကို ဖွဲ့စည်းခဲ့ပါတယ်။

ဒီအဖွဲ့ဟာ လာမယ့် ၂၁ ရာစုပင်လုံညီလာခံအတွက် ပေါ်လစီကိုက်လိုင်းတွေပေးဖို့ စုဖွဲ့ထား တာဖြစ်ပြီး အဖွဲ့ ၈ ဖွဲ့ရဲ့ ခေါင်းဆောင် တဦးစီအာလုံး ၈ ဦးပါဝင်ဖွဲ့စည်းထာပါတယ်။

မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ပွဲမှာ PPST အနေနဲ့ တွေ့ဆုံတာဖြစ်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

အပစ်မရပ်သေးတဲ့ လက်ကိုင်အဖွဲ့တွေကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံလိုကြောင်း ပြီးခဲ့တဲ့ လဆန်းပိုင်းကလည်းက စာရေးပေး ပို့ထားပြီး ဘယ်နေ့တွေ့ဆုံမလဲဆိုတာကို မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013