DVB Logo
Home
မြန်မာသတင်း
လူစုံတန်းဖြုတ် လွှတ်တော်ဖြစ်နေဟု ပြည်ခိုင်ဖြိုးအမတ် ပြော
DVB
·
June 26, 2016
လူစုံတန်းဖြုတ် လွှတ်တော်ဖြစ်နေဟု ပြည်ခိုင်ဖြိုးအမတ် ပြော
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ဟာ လွှတ်တော်ရှင်းလင်းပွဲမှာ လွှတ်တော်ကို ဟာသလုပ် ပြောဆိုသွားတယ်လို့ ပွဲတက်ခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။

မင်းကင်းမြို့နယ်၊ အထက စကားဝါခန်းမမှာ ဒီနေ့မနက် ၁၀ နာရီက လုပ်တဲ့ ဦးမောင်မြင့်ရဲ့ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲမှာ သူက ပြောခဲ့တာလို့ ပွဲတက်ခဲ့တဲ့ မင်းကင်းမြို့ခံ ကိုသန့်ဇင်အောင်က ပြောပါတယ်။

“သူ လွှတ်တော်တက်တဲ့အချိန်မှာ လွှတ်တော်က မိနစ် ၂၀ အများဆုံးပဲတဲ့၊ ၁၅ မိနစ်နဲ့လည်း လွှတ်တော်က ပြီးချင်ပြီးသွားတယ်တဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေဟာ တလ ၁၀ သိန်းယူတယ်၊ နေ့ကြေး တနေ့ ၂၀၀၀၀ ယူပြီးကာမှ အလုပ် သိပ်မလုပ်ရဘဲ ၁၅ မိနစ်၊ မိနစ် ၂၀နဲ့ ပြန်သွားရတဲ့ လွှတ်တော်မျိုး ဖြစ်နေတယ်တဲ့၊ လွှတ်တော်ဟာ ကျနော့်အမြင်အရဆိုရင် နောက်တာတော့ မဟုတ်ပါဘူး၊ လွှတ်တော်က လူစုံပြီလားဟေ့ လူစုံပြီဆိုရင် တန်းဖြုတ် ဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်တဲ့။”

ဒါ့အပြင် ဦးမောင်မြင့်က လွှတ်တော်က ကုန်ကျစရိတ်ကြီးလွန်းလို့ မေးခွန်းတစ်ခု သိန်း ၁၀၀၀ တန်ကြောင်းနဲ့ အန်အယ်လ်ဒီက ၂၀၁၅ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို နိုင်တာ မဟုတ်ကြောင်း ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ရဲ့ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲကို မြို့ခံ ၆၀ လောက် တက်ရောက်ခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေ အများစု တက်ရောက်ခဲ့ကြပါတယ်။

ဦးမောင်မြင့်ဟာ ဦးသိန်းစိန်အစိုးရလက်ထက်က ၀န်ကြီးတာဝန်ထမ်းဆောင်ဖူးသူ တဦးလည်း ဖြစ်ပါတယ်။ ကာယကံရှင် ဦးမောင်မြင့်ကို ဆက်သွယ်ဖို့ ကြိုးပမ်းခဲပေ့မယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013