DVB Logo
Home
Lead Story
နိုင်ငံကြီးသားပီသစွာ ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းကြစို့
DVB
·
June 26, 2016
နိုင်ငံကြီးသားပီသစွာ ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းကြစို့
1 / 6
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ We are Citizen အဖွဲ့က ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းကြဖို့ စနေနေ့တိုင်းကမ်ပိန်းကို ဇွန်လ ၂၅ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းကြဖို့ ကမ်ပိန်းကို စနေ့နေ့တိုင်းလုပ်တာ ဒုတိယအကြိမ်ရှိပြီဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့တာ အခုဆို ၁၀ကြိမ်ထိရှိခဲ့ပြီဖြစ်ပါတယ်။

အခုအကြိမ်မှာတော့ T-shirt အထည် ၅၀၊ သော့ချိတ် ၅၀ တို့ကို ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းကြသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဝေငှခဲ့ကြပါတယ်။

"သူ့အနေအထားနဲ့သူတော့ တိုးတက်လာပါတယ်။ လက်ဆောင်ရတဲ့သူကလည်း သူတို့ကို ဂုဏ်ပြုခံရလို့ ဝမ်းသာကြသလို ဦးထုပ်ဆောင်းလို့ ယာဉ်မတော်တဆဖြစ်ခဲ့ရင်တောင် အကာအကွယ်ရှိတယ်ဆိုတာကို သိလာကြတယ်။ နိုင်ငံကြီးသားပီသစွာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို နားလည်လာကြတယ်။ ဝမ်းသာစရာပါ" လို့ we are citizen အဖွဲ့မှ ကိုကျော်ဝေဖြိုးက ဒီဗွီဘီကို ပြောပါတယ်။

ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်း မေးသိုင်းကြိုးခိုင်မြဲစွာတပ်ဆင်ဖို့ကို အဓိကထား လှုံ့ဆော်တာဖြစ်ပြီး စနေနေ့တိုင်း မတူညီသော သရုပ်ဖော်မှုတွေနဲ့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒီနေ့လှုပ်ရှားမှုမှာတော့ we are citizen အဖွဲ့က အယောက် ၂၀ လောက် ပါဝင်ခဲ့ကြပါတယ်။

ဓာတ်ပုံ - အောင်ကိုလတ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013