DVB Logo
Home
မြန်မာသတင်း
လမ်းဘေးက နှုတ်ဆက်မြန်မာများကို ယာဉ်တန်းရပ်ခိုင်းပြီး ဆင်းတွေ့ခဲ့သည့် ဒေါ်စု (ရုပ်သံ)
DVB
·
June 25, 2016
လမ်းဘေးက နှုတ်ဆက်မြန်မာများကို ယာဉ်တန်းရပ်ခိုင်းပြီး ဆင်းတွေ့ခဲ့သည့် ဒေါ်စု (ရုပ်သံ)
Donate to DVB

ထိုင်းနိုင်ငံ နခွန်ပထုတ်ခရိုင်ကို ဒီနေ့သွားရောက်ခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လမ်းဘေးက မြန်မာနိုင်ငံတော်အလံတွေ ကိုင်ဆောင်ပြီး အမေစုကျန်းမာပါစေဆိုပြီး ဆုတောင်းနှုတ်ဆက်နေတဲ့ မြန်မာတွေကို တွေ့လို့ စီးလားတဲ့ လုံခြုံရေးယာဉ်တန်း ရပ်ခိုင်းပြီး ဆင်းနှုတ်ဆက်ခဲ့ပါတယ်။

ဇွန် ၂၅ ရက် စန်ဖလန်မြို့ ပန်ချန်း ဘုန်ကြီးကျောင်းကို သွားရောက်ခဲ့ရာမှာ သတင်းရထားတဲ့ မြန်မာတွေက လမ်းဘေးကနေ ဒေါ်အောင်ဆန်းစုကြည် ကားတန်း ဖြတ်သွားစဉ် အမေစုလို့ အော်ဟစ်ပြီး ဆင်းတွေ့ဖို့ တောင်းဆိုခဲ့လို့ ဆင်းပြီး နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ရွှေ့ပြောင်းမြန်မာ အများစုကပေးတဲ့ ပန်းစည်းတွေကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့သလို မြန်မာတွေ အသက်ရာကျော်ရှည်ဖို့ ဆုတောင်းပေးတာကို ဒေါ်အောင်ဆန်းစုကြည်က   အားလုံးလည်း အသက်ရာကျော်ရှည်ဖို့ ပြန်ဆုတောင်းပေးခဲ့ပါတယ်။ ဒါအပြင် အားလုံးကို လိမ်လိမ်မာမာ နေကြဖို့ ပြောဆိုခဲ့ပါတယ်။

“အမျိုးတို့ရေ ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာတကယ်တွေ့လိုက်ရလို့ သေလို့ပျော်ပြီ”လို့ ရုပ်သံဖိုင်ကို လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ်ပေါ်တင်ခဲ့သူက ရေးသားထားပါတယ်။

ရုပ်သံ - မြိုင်ရာဇာ တွတ်ပီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013