DVB Logo
Home
မြန်မာသတင်း
ဒေါ်စု ရောက်ရှိနေစဉ် တပ်ခ်ခရိုင်တွင် မြန်မာ ၁၀၀ ကျော် ဖမ်းဆီးခံရ
DVB
·
June 25, 2016
ဒေါ်စု ရောက်ရှိနေစဉ် တပ်ခ်ခရိုင်တွင် မြန်မာ ၁၀၀ ကျော် ဖမ်းဆီးခံရ
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ ရောက်ရှိနေစဉ်အတွင်း ထိုင်းနိုင်ငံ တပ်ခ်ခရိုင် မဲဆောက်-အုန်းဖျံ လမ်းဘေးက ချောင်ခရပ် မြို့နယ်က ရွာတရွာကို ၀င်ရောက်စီးနင်းပြီး  မြန်မာအလုပ်သမား ၁၀၀ကို ဖမ်းဆီးခဲ့ပါတယ်။

ဇွန် ၂၄ ရက်က ဒီရွာကို စစ်သား ၁၀၀ ကျော်က ၀င်ရောက် စီးနင်းခဲ့ရာမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၃၀၀ လောက်နေထိုင်နေတာဖြစ်ပါတယ်။

ဒီအထဲကမှ အလုပ်လုပ်ခွင့် ခွင့်ပြုချက်မရှိတဲ့ အလုပ်သမား ၆၀ ကျော်နဲ့ အလုပ်လုပ်ခွင့် သက်တမ်းကုန်နေတဲ့ အလုပ်သမား ၅၀ တို့ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ့်သတင်းက ရေးပါတယ်။

တရားမ၀င် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ၀င်ရောက်ပြီး နေထိုင်တယ်လို့ အနီးနားရွာက ဒေသခံတွေက တိုင်ကြားတဲ့အတွက် စီးနင်းလိုက်တာ ဖြစ်ပါတယ်။

မြန်မာအလုပ်သမားတွေကို အိမ်ငှားထားတဲ့ ထိုင်းအိမ်ရှင် ၄ ဦးကိုလည်း သံသယရှိသူတွေအဖြစ် တာဝန်ရှိသူတွေက ယူဆနေသလို တရားမ၀င်နေထိုင်သူတွေကို လက်ခံထားရှိမှုနဲ့ စွဲဆိုထားပါတယ်။

ဒါ့အပြင် စမွတ်ပရာကန်ခရိုင်မှာလည်း တရားမ၀င် ကမ္ဘောဒီးယား အလုပ်သမား ၂၆ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013