DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမားများကို ကူညီရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ် ကတိပေး
DVB
·
June 25, 2016
မြန်မာအလုပ်သမားများကို ကူညီရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ် ကတိပေး
Donate to DVB

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ အခြေအနေတွေ တိုးတက်ကောင်းမွန်စေဖို့အတွက် လုပ်ဆောင်သွားဖို့နဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးကို တိုးမြင့် လုပ်ဆောင်ဖို့ ၂ နိုင်ငံ သဘောတူညီခဲ့ပါတယ်။

ဇွန် ၂၄ ရက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာတို့  ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်မှာ တွေ့ဆုံ ဆွေးနွေးရာမှာ မြန်မာ့ရွှေ့ပြောင်းအလုပ်သမား အရေးကို အကျယ်တ၀င့် ဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံစဉ်မှာ နားလည်မှု စာချွန်လွှာ ၃ ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်တွေထဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် သင့်တင့်တဲ့ အကျိုးခံစားခွင့်ရရှိဖို့၊ ပိုမိုကောင်းမွန်တဲ့ အကာအကွယ်ပေးဖို့၊ အတက်ပညာပိုင်းဆိုင်ရာ ပိုမိုကျွမ်းကျင်ဖို့နဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အတွက် ၂ နိုင်ငံ ပိုမို ပူးပေါင်းဆောင်ရွက်ဖို့တို့လည်း ပါဝင်ပါတယ်။

ဇွန် ၂၃ ရက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာ အလုပ်သမား ကိုယ်စားလှယ်တချို့က လစာ၊ လုပ်ငန်းခွင် အခြေအနေတွေနဲ့ ပတ်သက်ပြီး တိုင်တန်းပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ထိုင်းမှာ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံသားတွေလိုပဲ တန်းတူ ကျန်းမာရေး၊ ပညာရေး စောင့်ရှောက်မှုများပေးဖို့ တောင်းဆိုလိုက်သလို ထိုင်းဝန်ကြီးချုပ်ကလည်း ထိုင်းအလုပ်သမားတွေလို မြန်မာအလုပ်သမားတွေကိုလည်း တန်းတူအခွင့်အရေးရရှိရန် လုပ်ဆောင်ပေးမယ်လို့  ပြောလိုက်ပါတယ်။

အလုပ်သမားတွေ ဒုက္ခရောက်တဲ့အချိန် ဆက်သွယ်နိုင်မယ့် Hot Line ဖုန်းနံပါတ်တွေ ထုတ်ပြန်ပေးမယ်လို့  ထိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

ဖုန်းတွေမှာ အသုံးပြုနိုင်တဲ့ အပလီကေးရှင်းတွေ ပြုလုပ်ပြီး  ဒုက္ခရောက်ချိန်မှာ အကူအညီတောင်းခံနိုင်အောင် မြန်မာစကားနားလည်တဲ့ အော်ပရေတာတွေကို ရွေးချယ်ခန့် ထားပေးသွားမှာ ဖြစ်ပါတယ်။

ထိုင်းရှိ  မြန်မာအလုပ်သမားတွေ တရားဝင်အလုပ်လုပ်ကိုင်ခွင့်တွေ ရရှိစေလိုတဲ့ အကြောင်း၊ ငါးဖမ်းသင်္ဘောတွေပေါ်က မြန်မာအလုပ်သမားတွေ လူကုန်ကူးခံရတာ၊ နှိပ်စက်ခံရတာတွေ မရှိစေဖို့ နယ်မြေခံတာဝန်ရှိ ပုဂ္ဂိုလ်တွေက ကြပ်မတ်ဆောင်ရွက် ပေးစေလိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေး ၀န်ကြီး ရာထူး ရယူပြီး ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို ၃ ရက်ကြာခရီး ရောက်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013