DVB Logo
Home
မြန်မာသတင်း
ဝေါမြို့နယ် ပဋိပက္ခ လူတဦးကို ထိန်းသိမ်း
DVB
·
June 24, 2016
ဝေါမြို့နယ် ပဋိပက္ခ လူတဦးကို ထိန်းသိမ်း
Donate to DVB

ပဲခူးတိုင်း ဝေါမြို့နယ်မှာ သူရဲသမိန်ကျေးရွာသားအချင်းချင်း  ခိုက်ရန်ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး လူတဦးကို ထိန်းသိမ်းထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးက ပြောပါတယ်။

ဖြစ်စဉ်မှာ  သူရဲသမိန်ကျေးရွာက ဘာသာရေးအဆာက်အဦတလုံး ဆောက်နေမှုနဲ့ ပတ်သက်ပြီး ဇွန် ၂၃ ရက်နေ့ နေ့လယ်က ကျေးရွာသားအချင်းချင်း စကားများရာကနေ ဘာသာရေးအဆောက်အဦနဲ့ နေအိမ် ဖျက်ဆီးမှု ဖြစ်ပွားခဲ့တာလို့ ဝေါမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စား ဦးတင်ထွေးကပြောပါတယ်။

“အိမ်ကတော့ မပျက်သွားဘူး၊ မျက်နှာစာလောက်ပဲ။ အပေါ်က ပစ္စည်းတွေ အောက်ကို ပစ်ချပေါ့။ ဗလီအဟောင်းတလုံးရယ်၊ နောက် ဗလီလို့ သံသယရှိဖွယ် ဆောက်လက်စအဆောက်ဦရယ် ဖျက်ပစ်လိုက်တယ်။”

ပြဿနာကို စတင်တယ်လို့ သံသယရှိတဲ့ ကိုတင်ဝင်းခေါ် ရာရှစ်ဆိုသူကို လက်ရှိ ဝေါမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

“ရဲအင်အားနဲ့ လုံခြုံရေးအင်အားချပြီးတော့ ခဏ ထိန်းသိမ်းထားတယ်။ အရေးယူဖို့ကလည်း လူကလည်း ထောင်နဲ့ချီတော့ ဘယ်သူဖျက်မှန်းတောင်မသိဘူး၊ ဒီကိစ္စပြေပြေလည်လည်နဲ့ ဖြစ်သွားနိုင်အောင် ဘာသာပေါင်းစုံနဲ့ ညှိဖို့ တိုင်ပင်ထားကြပါတယ်။”

ခိုက်ရန်ဖြစ်ပွားမှုကြောင့် ကိုတင်ဝင်းရဲ့ ဝဲဘက်ချိုစောင်းမှာ အနည်းငယ် ဒဏ်ရာရရှိခဲ့လို့ ယင်းကျေးရွာရှိ တိုက်နယ်ဆေးရုံမှာ ဆေးကုသပေးခဲ့တယ်လို့ ဆိုပါတယ်။

သူရဲသမိန်ကျေးရွာ ရွာသူရွာသားအချို့ ခိုက်ရန်ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး အဲဒီနေရာကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတွေ သွားရောက်ကာ ညှိနှိုင်းဖြေရှင်းပေးနေပြီး တရား ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်ရေး ဖြစ်စဉ်ကို စိစစ်နေပြီး လက်ရှိအခြေအနေမှာ တည်ငြိမ်အေးချမ်းနေကြောင်း ရဲတပ်ဖွဲ.က ပြောကြားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှာဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013