DVB Logo
Home
မြန်မာသတင်း
အပစ်ရပ် တိုင်းရင်းသားတပ်ဖွဲ့များ၏ နိုင်ငံရေးအဖွဲ့ အစည်းအဝေး ပြုလုပ်
DVB
·
June 24, 2016
အပစ်ရပ် တိုင်းရင်းသားတပ်ဖွဲ့များ၏ နိုင်ငံရေးအဖွဲ့ အစည်းအဝေး ပြုလုပ်
Donate to DVB

အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ နိုင်ငံရေးဆွေးနွေးမယ့် အဖွဲ့ EAO PPST အစည်းအဝေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့စတင်ကျင်းပပါတယ်။

၂ ရက်ကြာပြုလုပ်မယ့် အစည်းအဝေးပွဲအတွင်း နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေ အစိုးရနဲ့ တွေ့မယ့်ကိစ္စရပ်တွေ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့နဲ့တွေ့မယ့် ကိစ္စရပ်တွေကို အခုအစည်းအဝေးပွဲမှာ ဆွေးနွေးကြမှာ ဖြစ်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တခုရဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။

အစိုးရနဲ့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ခုတို့ဟာ ပြီးခဲ့တဲ့ မတ်လအတွင်းက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ EAO Peace Process Steering Team -EAO PPST ကို ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။

EAO PPST အစည်းအဝေးပွဲကို ဇွန် ၂၅ ရက်မှာ ဆက်လက်ပြုလုပ်မှာဖြစ်ပြီး အစည်းအဝေးပွဲ အပြီးမှာအဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ်များကို သတင်းစာရှင်းလင်းပွဲလုပ်ပြီး အသိပေးထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013