DVB Logo
Home
Lead Story
ဒေါ်အောင်ဆန်းစုကြည် ထိုင်းတက္ကသိုလ်ကျောင်းသားများကို မိန့်ခွန်းပြော (ရုပ်သံ)
DVB
·
June 24, 2016
ဒေါ်အောင်ဆန်းစုကြည် ထိုင်းတက္ကသိုလ်ကျောင်းသားများကို မိန့်ခွန်းပြော (ရုပ်သံ)
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းတက္ကသိုလ်တွေက တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား ၃၀၀ လောက်ကို ဘန်ကောက် ထိုင်းနိုင်ငံခြားရေးရုံးမှာ ဒီနေ့ မနက်ပိုင်းက တွေ့ဆုံပြီး မိန့်ခွန်းပြောနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းတက္ကသိုလ်တွေက ကျောင်းသား/ သူတွေကို “ Myanmar, ASEAN and the World : The Way Forward” ခေါင်းစဉ်နဲ့ ဟောပြောနေပါတယ်။

ဒီနေ့ညနေ့ ၄ နာရီခွဲမှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချားနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စ၊ နယ်စပ်စီးပွားရေးဇုန်ကိစ္စတွေ ဆွေးနွေးမှာဖြစ်ပြီး ၂ နိုင်ငံရွှေ့ပြောင်းအလုပ်သမားကိစ္စ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဖို့လည်း ရှိတယ်လို့ သိရပါတယ်။ ညနေပိုင်းမှာလည်း ထိုင်း-မြန်မာ ၂ နိုင်ငံ ပူးတွဲထုတ်ပြန်ချက်ကို ထိုင်းအစိုးရအိမ်တော်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013