DVB Logo
Home
မြန်မာသတင်း
ထိုင်းသတင်းစာမျက်နှာဖုံးများတွင် နေရာယူခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်
DVB
·
June 24, 2016
ထိုင်းသတင်းစာမျက်နှာဖုံးများတွင် နေရာယူခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်
Donate to DVB

ဇွန် ၂၄ ရက်ထုတ် ထိုင်းသတင်းစာတွေမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်အကြောင်းကို အကျယ်တ၀င့် ရေးသားဖော်ပြကြပါတယ်။

အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ ဘန်ကောက်ပိုစ့်သတင်းစာမှာတော့ “စုကြည် (ဒေါ်အောင်ဆန်းစုကြည်)ကို တွေ့ရန် တိုးဝှေ့ နေသည့် ရွှေ့ပြောင်းအလုပ်သမားများ”လို့ ခေါင်းစဉ်တပ်ပြီး မျက်နှာဖုံး ခေါင်းကြီး သတင်းအဖြစ် ဖော်ပြထားပါတယ်။

ဒုတိယစာမျက်နှာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေတဲ့ မြန်မာအလုပ်သမားတွေရဲ့ ဓာတ်ပုံတွေကိုလည်း ဝေေ၀ဆာဆာ ဖော်ပြထားပါတယ်။

နေရှင်းသတင်းစာမှာလည်း “အမေစု (ဒေါ်အောင်ဆန်းစုကြည်)အတွက် စိတ်ဓာတ်နိုးကြွစေ့သည့် ကြိုဆိုမှု” လို့ ခေါင်းစဉ်တပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အကြောင်း ရေးသားထားပါတယ်။

ဒါအပြင် အယ်ဒီတာအာဘော်မှာလည်း “မျက်ကာတပ်ပြီး ရောက်ရှိလာသည့် စုကြည် (ဒေါ်အောင်ဆန်းစုကြည်)”လို့ ရေးသားထားပါတယ်။

အတွေးအမြင်ကဏ္ဍမှာလည်း ထိုင်းနဲ့ မြန်မာ တိုးတက်ကြွယ်ဝရေးအတွက် တနေရာကနေ တနေရာကို ရွှေ့ပြောင်းနေထိုင်မှု သံသရာက အရေးကြီးတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ပညာရှင် ဒေါက်တာ ဇော်ဦးရဲ့ ဆောင်းပါးတပုဒ်ကို ဖော်ပြထားပါတယ်။

ကာတွန်းကဏ္ဍမှာလည်း “ထိုင်း မြန်မာ ရိုဟင်ဂျာ ဆန့်ကျင်ရေး တန်ဂို အက”ဆိုတဲ့ ခေါင်းစဉ်နဲ့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွဲလျက်ကနေတဲ့ ကာတွန်းနဲ့ သရော်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ ၃ ရက်ကြာ အလည်အပတ်ရောက်ရှိနေသလို ဇွန် ၂၄ ရက်က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013