DVB Logo
Home
မြန်မာသတင်း
စမ်းချောင်းအမတ်နေအိမ် ဖောက်ထွင်းသူက အဘွားအိုကို ဓားဖြင့် ၃ ချက်ထိုး
DVB
·
June 24, 2016
စမ်းချောင်းအမတ်နေအိမ် ဖောက်ထွင်းသူက အဘွားအိုကို ဓားဖြင့် ၃ ချက်ထိုး
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် အမတ်တဦးရဲ့ နေအိမ်မှာ ဖောက်ထွင်းဝင်ရောက်သူက အိမ်ရှင်အဘွားအိုကို ဓားနဲ့ ၃ ချက်ထိုးမှု ဖြစ်ပွားခဲ့ပါတယ်။

ဒီနေ့ မနက်အစောပိုင်း ၂ နာရီလောက်က အန်အယ်လ်ဒီ စမ်းချောင်း ပြည်သူ့ လွှတ်တော်အမတ် ဦးဘိုဘိုဦးရဲ့ နေအိမ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၇၃ နှစ်အရွယ်  ယောက္ခမဖြစ်သူ ဓားနဲ့ သုံးချက် အထိုးခံရတာလို့ ဦးဘိုဘိုဦးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ဖော်ပြထားပါတယ်။

“နေအိမ်ပြူတင်းပေါက် ဖောက်ပြီး လူတဦး အိမ်အတွင်းဝင်ရောက်လာရာကနေ ကျွန်တော့်ရဲ့ ယောက္ခမဖြစ်သူ ဒေါ်ခင်သန်းနွဲ့က ကျုးဝင်လာသူကို မြင်တွေ့ရာမှ ကျူးလာသူက အသက် ၇၃ နှစ်အရွယ် အမေအိုကို ဓားဖြင့်သုံးချက် ထိုးခဲ့တာပါ။ ကုတ်ပိုး၊ ပခုံးသား နဲ့ လက်ပြင် တို့ကို ထိုးမိခဲ့ပါတယ်။ ချက်ကောင်းမထိလို့ စိုးရိမ်စရာမရှိပေမယ့် ခွဲစိတ်ကုသမှုခံရပါမယ်” လို့ ဖော်ပြထားပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ စမ်းချောင်းမြို့နယ်ရဲစခန်းက အိမ်ရှင်ရဲ့ တိုင်ကြားချက်အရ ရာဇသတ်ကြီးပုဒ်မ ၄၅၉ နဲ့ အမှုဖွင့်ထားပြီး တရားခံဖမ်းမိရေး တခြားမြို့နယ်၊ တိုင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ တာဝန်ကျရဲအရာရှိတဦးက ပြောပါတယ်။

“လတ်တလောတော့ ဒီဟာနဲ့ပတ်သက်ပြီး ကျနော်တို့ တိုင်းတွေ၊ ခရိုင်တွေနဲ့တော့ ချိတ်ဆက်ပြီး ဆောင်ရွက်နေပါတယ်။ လတ်တလောတော့ ဘာမှ ပြောလို့မရသေးဘူး။ တရားခံနဲ့ပတ်သက်ပြီးတော့” လို့ ပြောပါတယ်။

အခင်းဖြစ်ပွားမှုအခြေအနေနဲ့ပတ်သက်ပြီး စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်မှုမရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013