DVB Logo
Home
မြန်မာသတင်း
ပြည်နယ်နှင့်တိုင်းဒေသအသီးသီးရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများ ရပ်တံ့ရန် တောင်းဆို
DVB
·
June 23, 2016
ပြည်နယ်နှင့်တိုင်းဒေသအသီးသီးရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများ ရပ်တံ့ရန် တောင်းဆို
Donate to DVB

အစိုးရနဲ့ အကျိုးတူကုမ္ပဏီတွေ ဆောင်ရွက်နေတဲ့ သတ္တုတူးဖော်ရေးစီမံကိန်းတွေဟာ သက်ဆိုင်ရာ ဒေသခံများရဲ့ အကျိုးထက် နစ်နာဆုံးရှုံးမှုတွေက ပိုများတာကြောင့် လက်ရှိဆောင် ရွက်နေတဲ့ စီမံကိန်းတွေရော အသစ်ထပ်ပြီးစာချုပ်ချုပ်မယ့် စီမံကိန်းတွေပါရပ်တံ့ဖို့ မြန်မာနိုင်ငံ ဓာတ်သတ္တုတူးဖော်ရေးကွန်ရက်အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ကချင်၊ ကရင်၊ ကရင်နီ၊ ကူကီး၊ ချင်း၊ တအာင်း၊ မွန်၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းရင်းသားလူမျိုးနဲ့ လူမှုအခြေပြုအဖွဲ့အစည်းပေါင်း ၃၅ ဖွဲ့ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဇွန်လ ၂၀ ကနေ ၂၂ ရက်နေ့ထိ ၃ ရက်တာ တွေ့ဆုံဆွေးနွေးအပြီး သတ္တုတွင်းစီမံကိန်းတွေ ရပ်တံ့ဖို့ တညီတညွတ် တည်း သဘောထားထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဓါတ်သတ္တုတွင်းဆိုင်ရာနဲ့ ရိုးရာဓလေ့ ထုံးတမ်းမြေယာအခွင့်အရေးအတွက် လူထုလှုပ်ရှားမှုလို့ အမည်ပေးထားတဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ တိုင်းနဲ့ပြည်နယ်အသီးသီးက သတ္တုတူးဖော်မှုနဲ့ ပြည်သူတွေ နစ်နာဆုံးရှုံးနေရတာတွေကို လာရောက်ဆွေးနွေးဖလှယ်ပြီး အချက် ၆ ချက်ပါ သဘော ထားကြေငြာချက် ထုတ်ပြန်ခဲ့တာလို့  ဆွေးနွေးပွဲပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင်က ဒီဗွီဘီကို ပြောပါတယ်။

“တွင်းထွက်သတ္တုတူးဖော်မှုနဲ့ ဒေသခံတွေ နစ်နာဆုံးရှုံးမှု၊ သဘာ၀၀န်းကျင်ပျက်စီးယိုယွင်းမှု တွေက နေရာတိုင်းလိုဖြစ်နေပါတယ်။  ကချင်မှာဆိုရင် ကျောက်စိမ်းတူးဖော်မှုကြောင့် မြေပြိုမှု၊ လူသေဆုံးမှုတွေဖြစ်ရတယ်၊ ကရင်နီပြည် မော်ချီးခဲသတ္တုတူးတာကြောင့် လူသေဆုံးမှုဖြစ်တယ်။ ရှမ်းပြည်မှာဆိုလည်း ရွှေတူးဖော်မှုကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ ပျက်စီးရတယ်။ ပလောင်ဒေသမှာလည်း ဆီလီကွန်တူးဖော်မှု ရွှေတူးဖော်မှုတွေရှိနေတယ်၊ မွန်ဆိုရင် ရေးမြို့နယ် က အံဒင်ကျောက်မီးသွေးစက်ရုံ၊ ချင်းကတော့ မွေတောင်ဖားတောင်စီမံကိန်း၊ တမူးမြို့နယ်ဘက် ကူကီးဒေသက ရွှေတူးဖော်မှု၊ ရခိုင်ပြည်နယ် နေပူတောင် ကျောက်ထုတ်ရေး စီမံကိန်း စသဖြင့် အနယ်နယ်အရပ်ရပ်က ပြဿနာတွေကို လာပြီးဖလှယ်ကြတယ်။ ဒီပြဿနာအရင်းမြစ်ကို ရှာဖွေပြီး သဘောထားကြေညာချက်ထုတ်ပြန်ခဲ့တယ်။”

တိုင်းရင်းသားအဖွဲ့တွေဟာ လက်ရှိတူးဖော်နေတဲ့စီမံကိန်းကိုရော နောင်လာမယ့်စီမံကိန်းတွေပါ ရပ်တံ့ ပေးဖို့အပြင် စီမံကိန်းကြောင့် ထိခိုက်ဒဏ်ရာရသူသေဆုံးသူတွေအတွက် တရားမျှတစွာ ဖြေရှင်းပေးဖို့၊ စီမံကိန်းကြောင့် ဆုံးရှုံးခဲ့ရတဲ့ မြေယာနဲ့အိုးအိမ်တွေ ပြန်လည်ပေးလျော်ဖို့ ၊ ပြောင်းရွှေ့ခံရသူတွေအတွက် ကျန်းမာရေး ၊ ပညာရေးအလုပ်အကိုင်တွေ စီစဉ်ပေးဖို့ တောင်းဆို ပါတယ်။

ဒါ့အပြင် ဒေသအသီးသီးက သတ္တုတူးဖော်ရေးစီမံကိန်းတွေကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းစုံစမ်းဖို့၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့  ပြည်နယ်အစိုးရက  ဓာတ်သတ္တု တူးဖော်ခြင်း စီမံကိန်းတွေကို အကျိုးအမြတ်ခံစားပိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်ရှိဖို့၊ ဒေသခံလူထုရဲ့ အကြံပြုချက်တွေကို အသိအမှတ်ပြုလိုက်နာကျင့်သုံးဖို့ စတဲ့အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013