DVB Logo
Home
မြန်မာသတင်း
နိုင်ငံ ၂ နိုင်ငံကြား နားလည်မှုနှင့် ချစ်ကြည်မှုပိုပြီးရှိဖို့ လာရောက်တာလို့ ဒေါ်စုပြော (ရုပ်သံ)
DVB
·
June 23, 2016
နိုင်ငံ ၂ နိုင်ငံကြား  နားလည်မှုနှင့်  ချစ်ကြည်မှုပိုပြီးရှိဖို့ လာရောက်တာလို့ ဒေါ်စုပြော (ရုပ်သံ)
Donate to DVB

ထိုင်းနိုင်ငံကို လာရောက်တာဟာ အဓိကအားဖြင့် နိုင်ငံနှစ်နိုင်ငံကြားထဲမှာ နားလည်မှု ပိုပြီးတော့ရှိဖို့ ချစ်ကြည်မှုပိုပြီးတော့ရှိဖို့ လာရောက်တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တွေ့ဆုံစဉ်ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်နေကြတဲ့ နိုင်ငံသူနိုင်ငံသားတွေကို ကူညီနိုင်ဖို့ ကာယကံရှင်တွေရဲ့ အသံကို နားထောင်ပြီးတော့ သူ့အနေနဲ့ ဘာလုပ်ပေးသင့်လဲ။ ဘာလုပ်ရ မလဲ၊ ဘာလုပ်နိုင်မလဲဆိုတော ဆုံးဖြတ်ရမှာပါဖြစ်တယ်လို့ ပြောပါတယ်။

“အခုကျတို့ ဒီထိုင်းနိုင်ငံကိုလာတယ်ဆိုတာ အဓိကအားဖြင့်တော့ နိုင်ငံ နှစ်နိုင်ငံကြားထဲမှာ နားလည်မှုပိုပြီးတော့ရှိဖို့ ချစ်ကြည်မှုပိုပြီးတော့ တိုးတက်ဖို့ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ဆိုတာ အဓိက နိုင်ငံသူနိုင်ငံသားတွေကြားထဲမှာ နားလည်မှုရှိရမယ်။ ချစ်ကြည်မှုရှိရမယ်။ အစိုးရတွေကြားထဲမှာလည်း နားလည်မှုရှိရမယ်။ ချစ်ကြည်မှုရှိရမယ်။ အဲဒီဟာအတွက်ကို ကျမတို့ကလည်း ကျမတို့ရဲ့ ဒီမှာလာအလုပ်လုပ်နေကြတဲ့ နိုင်ငံသူနိုင်ငံသားတွေကိုကူညီသလို ကျမတို့ကိုလည်း ပြန်ပြီးတော့ ကူညီနိုင်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။ ဘယ်လိုကျမတို့ အဆင်ပြေအောင် လုပ်ပေးရမလဲဆိုတာဟာ ကာယံကာရှင်တွေက ပြောမှ ကျမတို့သိမှာပေါ့။ ကာယကံရှင်တွေရဲ့ အသံကို နားထောင်ပြီးတော့မှ ကျမတို့က ဘာလုပ်ပေးသင့်လဲ။ ဘာလုပ်ရမလဲ။ ဘာလုပ်နိုင်မလဲဆိုတော ဆုံးဖြတ်ရမှာပါ”လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးအတွက် ဒီနိုင်ငံရဲ့ ဥပဒေဘောင် အတွင်းက ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရအောင် ကြိုးစားနေပါတယ်လို့ ဆက်လက်ပြောဆိုပါတယ်။
“အရေးကြီးတာကတော့ ကျမတို့ နိုင်ငံသူနိုင်ငံသားအားလုံးဟာ လုံလုံခြုံခြုံနဲ့ ကိုယ့်ရဲ့ လုပ်ငန်းထဲမှာ ဆက်ပြီးတော့ ကိုယ်နေချင်တဲ့အချိန်အထိ နေနိုင်ဖို့က၊ ဒါက ဟိုဘက်ဒီဘက်ပေါ့ ကိုယ်နေချင်တဲ့ အချိန်အထိဆိုတာ လုပ်ငန်းချင်တွေအတွက်လည်း အဆင်ပြေရမယ်၊ အလုပ်လုပ်တဲ့ သူတွေအတွက်လည်း အဆင်ပြေရမယ်။ ကျမက ရှည်ရှည်ဝေးဝေး သိပ်ပြီး မပြောချင်ပါဘူး။ ကျမတို့ နိုင်ငံသူနိုင်ငံသားရဲ့အသံကို နားထောင်ချင်ပါတယ်။ ကျမအနေနဲ့ မေတ္တာရပ်ခံချင်တာက ကျမတို့ ဘာလုပ်ပေးနိုင်မလဲ၊ ဘာတွေမျှော်လင့်လဲဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပါ။ ဒါပေမယ့်လည်း လက်တွေ့ကျကျပြောပါ။ တချို့ကိစ္စတွေက မဖြစ်နိုင်မှန်းသိရဲ့သားနဲ့ ပြောလို့ရှိရင်တော့ ကျမတို့ကနေပြီးတော့ မဖြစ်နိုင်ဘူးဆိုတာကို ပြန်ပြောဖို့ ရှိတာပေါ့။ ကျမတို့ အခုအချိန်မှာ ဆိုရင် နိုင်ငံသူ၊ နိုင်ငံသားများဟာ CI (certificate of identity- မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားလက်မှတ်) ရဖို့အတွက် ကြိုးစားနေပါတယ်။ တကယ်တော့ ကျမတို့က နိုင်ငံကူးလက်မှတ်ရစေချင်တာပါ။ ဒါကိုလည်း အိမ်ရှင်နိုင်ငံဖြစ်တဲ့ ထိုင်းကလည်း ကန့်ကွက်တာမဟုတ်ပါဘူး။ ဒါပေမယ့်အစတုန်းက ကျမတို့နိုင်ငံအစိုးရ CI ထုတ်ပေးဖို့ တောင်းဆိုခဲ့တယ်။ အဲဒီအတိုင်း လိုက်လျောပြီး လုပ်ခွင့်ပေးထားတာပါ။ နောင်ဆိုရင် ကျမတို့ နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။ အဲဒါအပြင် နိုင်ငံသူ၊ နိုင်ငံသားအားလုံးဟာ ဒီနိုင်ငံရဲ့ ဥပဒေဘောင် အတွင်းက ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရအောင် ကြိုးစားနေပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013