DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်ရောက်ရှိ (ဓာတ်ပုံ)
DVB
·
June 23, 2016
ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်ရောက်ရှိ (ဓာတ်ပုံ)
1 / 5
Donate to DVB

ဒီနေ့ မနက်ပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာလာတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းလေကြောင်းလိုင်နဲ့ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကို ရောက်ရှိလာပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင် တို့ လိုက်ပါလာကြပါတယ်။

ထိုင်းအစိုးရကိုယ်စား ထိုင်းဒုတိယ၀န်ကြီးချုပ် နိုင်ဆုန်ခေတ် ကျဒူစီဖိထပ် က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို သုဝဏ္ဏဘူမိလေဆိပ်မှာ သွားရောက်ကြိုခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ စမွတ်စာခွန်းခရိုင် စမွတ်စာခွန်းမြို့ ထလေးထိုင်းဈေးအတွင်းက ခန်းမမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဒီနေ့ ညနေပိုင်း တွေ့ဆုံမှာဖြစ်ပါတယ်။

ဓာတ်ပုံ - ဦးအောင်စိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013