DVB Logo
Home
မြန်မာသတင်း
ရခိုင်အမျိုးသားပါတီက မစ္စယန်ဟီးလီနှင့် မတွေ့ရန် ဆုံးဖြတ်
DVB
·
June 23, 2016
ရခိုင်အမျိုးသားပါတီက မစ္စယန်ဟီးလီနှင့် မတွေ့ရန် ဆုံးဖြတ်
1 / 2
Donate to DVB

ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ကို တင်သွင်းမယ် မစ္စစ်ယန်ဟီးလီဟာ ရခိုင်အမျိုးသားပါတီက တာဝန်သူတွေနဲ့ တွေ့ဆုံဖို့ တောင်းဆိုခဲ့ပေမယ့် ရခိုင်အမျိုးသားပါတီ ငြင်းပယ်လိုက်ပါတယ်။

13445414_293658290973629_3026361009843759572_nရခိုင်ပြည်နယ်ကို အခြေခံပြီး တင်သွင်းမည့်အစီရင်ခံစာဟာ မျှတမှုပြောင်းလဲခြင်း ဖြစ်ပေါ်လာစရာ အကြောင်းမရှိဟု ထင်မြင်တဲ့အတွက် ရခိုင်အမျိုးသားပါတီအနေဖြင့် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေးအခြေအနေအစီအရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီနဲ့ တွေ့ဆုံမှာ မဟုတ်ဘူးလို့ ရခိုင်အမျိုးသားပါတီကြေညာချက်မှာ ဖော်ပြပါတယ်။

ရခိုင်အမျိုးသားပါတီဒုဥက္ကဋ္ဌ ခိုင်ပြည်စိုးက “မနေ့ကတည်းက ကျနော်တို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က မစ္စစ်ယန်ဟီးလီ လာဖို့ဆိုတော့ ကျနော်တို့ ပါတီကို တွေ့ချင်တယ်ဆိုပြီးတော့ ပြောတယ်။ တွေ့ခွင့်ရမလားပေါ့လေဆိုပြီးတော့ ကမ်းလှမ်းပါတယ်။ ကျနော်တို့ပါတီ စီအီးစီ အဖွဲ့တွေ အားလုံး တိုင်ပင်ပြီးတော့ ဒါကို တွေ့သင့်၊ မတွေ့သင့်ဆိုပြီး ဆွေးနွေးကြတဲ့အခါမှာ မတွေ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အကြောင်းကတော့ မစ္စယန်ဟီးလီနဲ့ ရခိုင်ကိစ္စနဲ့ပတ်သက်လို့ အကြိမ်ပေါင်းများစွာ ဆွေးနွေးဖူးခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂလူ့အခွင့် အရေးကော်မရှင် တင်သွင်းသမျှ ရခိုင်လူမျိုးတွေရဲ့ ပြောသံကို အခုအချိန်အထိ ထည့်တွက် မစဉ်းစားဘဲနဲ့ ဘင်္ဂလီတွေပြောတဲ့စကားကိုသာ အဆုံးသတ်ပြီးသွားတာကို တွေ့ရပါတယ်။”

အရင်က ရခိုင်အရေးကိစ္စနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီနဲ့ မစ္စယန်းဟီလီတို့ အကြိမ်ကြိမ် တွေ့ဆုံပြီး ဖြစ်ခဲ့သော်လည်း တစုံတရာ ထူးခြာမှု မရှိတဲ့အတွက်ကြောင့် ယခုအခါ မစ္စစ်ယန်းဟီးလီက ရခိုင်အမျိုးသားပါတီနဲ့ တွေ့ဆုံခွင့် တောင်းခဲ့ပေမယ့်လို့ ရခိုင်အမျိုးသားပါတီမှ စီးအီးစီများ ဆွေးနွေးမှုအရ ဆုံးဖြတ်ချက်နဲ့ အခုလို ကြေညာချက် ထုတ်ပြန်ပြီး မတွေ့ဖို့ ဆုံးဖြတ်လိုက်ကြတယ်လို့ ရခိုင်အမျိုးသားပါတီဒုဥက္ကဋ္ဌ ခိုင်ပြည်စိုးက ဆက်လက်ပြောပါတယ်။

ရခိုင်လူမျိုးတွေနဲ့ ရခိုင်အကျိုးစီးပွားကို တခုမှ မကြည့်ဘဲ ဘင်္ဂလီအရေးကိုသာ အလေးပေး ကြည့်ရှုသွားမယ်ဆိုပါက ရခိုင်အမျိုးသားပါတီနဲ့ ဘယ်တော့မှ တွေ့ခွင့်ရမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။ ဒါအပြင် ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို ဆက်လက်မသုံးပဲ ရပ်တန့်သွားပါက ရခိုင်အမျိုးသားပါတီနဲ့ တွေ့ခွင့်ရလိမ့်မယ်လို့ ပြောပါတယ်။

“ကျနော်တို့ ရခိုင်ပြည်နယ်မှာ အဓိကပြဿနာတွေ ရှုပ်ထွေးနေတဲ့အချိန်မှာ ရခိုင်ပြည်မှာ မွတ်စလင်များဆိုတဲ့ အသုံးအနှုန်းနဲ့ ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာဆိုတဲ့အသုံးအနှုန်းတွေကြားမှာ ကျနော်တို့ ရခိုင်လူမျိုးတွေ အသုံးတွေ ပျောက်ကွယ်သွားနိုင်တဲ့အသုံးအနှုန်း ဖြစ်နေပါတယ်။ ဒါကြောင့် ဒီအသုံးအနှုန်းသည်ပင်လျှင် နိုင်ငံတကာ Pressure တွေပါတယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။ အဖွဲ့အစည်းတခုရဲ့ ဖြစ်တည်မှုကို အသိအမှတ်မပြုဘဲ ဘင်္ဂလီလူမျိုးတို့ရဲ့ ဖြစ်တည်မှု တခုတည်းကိုသာ ကွက်ကြည့်ပြီးတော့ လုပ်နေသမျှ ကာလပတ်လုံး ကျနော်တို့ လူ့အဖွဲ့အစည်းနဲ့ အဆင်ပြေနိုင်မယ် မထင်ဘူး။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို ကုလသမဂ္ဂမှာ မသုံးတော့ဘူးဆိုတဲ့တနေ့မှာ ကျနော်တို့နဲ့ တွေ့ခွင့်ရမှာပါ။ ရခိုင်လူမျိုးတိုရဲ့အသံကို နားမထောင် သမျှ ကာလပတ်လုံးတော့ ကျနော်တို့နဲ့ တွေ့ဆုံဖို့ဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ကို အစီရင်ခံစာ တင်သွင်းမည် မစ္စ ယန်ဟီးလီဟာ ဒီနေ့မှာတော့ ရခိုင်ပြည်နယ် မြို့တော် စစ်တွေကို ရောက်ရှိလာပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ၁၀ မိနစ်ခန့် တွေ့ဆုံခဲ့ပြီး နောက်ပုဏ္ဍားကျွန်းမြို့နယ် ကာဒီကျေးရွာနဲ့ ပညာဝ စစ်ဘေးရှောင်ဒုက္ခသည်စခန်းကို ထွက်ခွာသွားပါတယ်။

ဒီနေ့ ဇွန်လ ၂၃ ရက်နေ့ မနက်ပိုင်းမှာတော့ မစ္စယန်ဟီးလီဟာ မှာတော့ စစ်တွေမြို့ အောင်မင်္ဂလာနဲ့ မင်းကံ ဘက်ကို သွားရောက်ကြည့်ခဲ့ပါတယ်။

(သတင်း - ဝဏ္ဏခွာညို)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013