DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအဝိုင်းလို့သုံးနှုန်းပြီး အကျိုးရှိအောင်လုပ်ရန် အစိုးရအား တိုက်တွန်း
DVB
·
June 22, 2016
ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအဝိုင်းလို့သုံးနှုန်းပြီး အကျိုးရှိအောင်လုပ်ရန် အစိုးရအား တိုက်တွန်း
Donate to DVB

ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအဝိုင်းလို့ သုံးနှုန်းပြီးတဲ့နောက် အစိုးရအနေနဲ့ အကောင်းဆုံး အကျိုးရှိအောင် လုပ်ဆောင်ဖို့ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသမားတွေက တိုက်တွန်းလိုက်ပါတယ်။

ဇွန် ၁၇ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးညီလာခံမှာ မြန်မာအစိုးရကိုယ်စားလှယ်ကနေ ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအ၀ိုင်းလို့ သုံးနှုန်းပြောဆိုဖို့ တင်သွားခဲ့တာပါ။

၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေးက “ ကျနော် ဖြစ်စေချင်တာ ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကလည်း တဖက်က ကြီးကြီးမားဆန့်ကျင်မှုတွေ ရှိနေတယ်။ ဘင်္ဂါလီဆိုတဲ့ အသုံးအနှုန်းကလည်း  ကြီးကြီးမားမား ဆန့်ကျင်မှုတွေ ရှိနေတယ်။ ဆိုတော့ ဒီအသုံးအနှုန်း ၂ ခုကို တဖက်နဲ့ တဖက် အငြင်းပွားပြီး သုံးနှုန်းနေရင် ပြဿနာကို ဖြေရှင်းနိုင်မယ့် လမ်းစ မဟုတ်ဘူးလို့ မြင်တယ်” လို့ ပြောပါတယ်။

ပြဿနာကိုပြေလည်အောင် ဖြေရှင်းရာမှာ ပြဿနာဖြစ်စေတဲ့အသုံးအနှုန်းကို ရှောင်ရှားတာ အကောင်းဆုံးလို့ လည်း သူက ပြောပါတယ်။

ပြီးတော့ “ဒဲ့ပြောမယ်ဆိုရင် အစိုးရလုပ်တာ မှန်တယ်လို့ ကျနော် မြင်တယ်။ ၁၉၈၂ နိုင်ငံသားဥပဒေအရ စစ်ပေးပါ အကုန်လုံးကို။ နိုင်ငံသားဖြစ်တဲ့သူတွေဟာ လူမျိုးဘာသာ မခွဲခြားပဲနဲ့ မြန်မာပြည်တောင်ဖျားကနေ မြောက်ဖျား ကြိုက်တဲ့နေရာမှာ နေပိုင်ခွင့် ရှိတယ်။ ကျနော် သိသလောက်ပြောမယ်ဆိုရင် ရခိုင်ပြည်နယ်မှာ ရှိတဲ့ အစ္စလာမ်ဘာသာဝင် ၉၉.၉ ရာခိုင်နှုန်းက ခိုးဝင်လာတဲ့သူ မဟုတ်ဘူး” လို့လည်း သူက ဆက်ပြောပါတယ်။

အငြင်းပွားနေတဲ့ အသုံးအနှုန်းတွေ မသုံးဖို့ ပြည်တွင်းမှာလည်း အစိုးရကိုယ်တိုင် ညွှန်ကြားချက်တွေ ထုတ်ပြန်နေတာပါ။

Women Peace Network-Arakan ရဲ့ ဒါရိုက်တာ မဝေဝေနုကတော့ “ အစိုးရက ဒီကိစ္စကို ဖြေရှင်းချင်တဲ့ဆန္ဒရှိလို့ အစပျိုးတယ်လို့ ကျွန်မ ထင်မြင်ပါတယ်။ ဒီအစပျိုးမှုမှာ ဒီထက်ပိုပြီး ပြည့်စုံတဲ့၊ အဓိပ္ပာယ်ရှိတဲ့ တကယ်အဖြေရှာနိုင်မယ့် ပုံစံမျိုးကို ဖြစ်စေချင်တယ်။ အစိုးရကို ရခိုင်ပြည်နယ်မှာရှိတဲ့ ပြည်သူတွေနဲ့ ပိုပြီး တိုက်ရိုက်ထိတွေ့ဆက်ဆံပါလို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

ဒါဟာ လူမျိုးစုတစ်ခုအဖြစ် သတ်မှတ်ခေါ်ဝေါ်တာ မဟုတ်လို့ လက်ခံနိုင်တယ်လို့လည်း တက်ကြွလှုပ်ရှားသူတယောက်က ပြောပါတယ်။

“ကြားထဲကနေ အခေါ်ဝေါ်တခုကို ဖန်တီးလိုက်ခြင်းအားဖြင့် ဒီ Sensitive (ထိရှလွယ်)တဲ့ လူမျိုးစု ၂ ခုဟာ အတူတကွပူးတွဲနေနိုင်အောင် ဖန်တီးနိုင်မယ်ဆိုရင်တော့ ဒါအကျိုးသက်ရောက် မှု ရှိမယ်။ ဒီလို မဟုတ်ဘူးဆိုရင်တော့ အကျိုးရှိမှာ မဟုတ်ဘူး”လို့ တက်ကြွလှုပ်ရှားသူ ဦးသာအေးက ပြောပါတယ်။

ဒီလို သုံးနှုန်းမယ်ဆိုတဲ့အပေါ်မှာတော့ ရခိုင်အမျိုးသားပါတီက ကန့်ကွက်တယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013