DVB Logo
Home
မြန်မာသတင်း
အစိုးရသစ်၏ ဒုက္ခ္ခသည်မူဝါဒ ဒေါ်စု ခရီးစဉ်တွင် မေးခွန်းထုတ်မည်ဟုဆို
DVB
·
June 22, 2016
အစိုးရသစ်၏ ဒုက္ခ္ခသည်မူဝါဒ ဒေါ်စု ခရီးစဉ်တွင် မေးခွန်းထုတ်မည်ဟုဆို
Donate to DVB

မြန်မာအစိုးရသစ်ရဲ့ ဒုက္ခ္ခသည်အရေးမူဝါဒနဲ့ ဘယ်တော့လောက် ပြန်ခေါ်ဖို့ အစီအစဉ် ရှိလဲ ဆိုတာတွေကို ဒေါ်အောင်ဆန်းစုကြည်လာရင် မေးမယ်လို့ ကရင်ဒုက္ခ္ခသည်ကော်မတီ ကေအာစီက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း သွားရောက်မယ့် ထမ်ဟင်ဒုက္ခ္ခသည် စခန်းတာဝန်ခံ ဂျွန်စမစ်က သူတို့ ဆွေးနွေးဖို့ရှိတာတွေကို ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

“ဒုက္ခ္ခသည်တွေအပေါ် ဘာအစီအစဉ် ရှိလဲ၊ အဲ့ဒါတွေ မေးမယ်။ ပြီးတော့ အခု မြန်မာပြည် အခြေအနေအတိုင်းဆိုရင် ကျနော်တို့ ဒုက္ခ္ခသည်တွေ ပြန်သင့်ပြီလား။ ပြန်သင့်ပြီဆိုရင် ဘယ်နှနှစ်အတွင်းမှာ ပြန်သင့်သလဲဆိုတာ သူ့ကို မေးမှာပေါ့နော်။ ပြီးတော့ ဒုက္ခသည်တွေ ပြန်မယ်ဆိုရင် အနာဂတ်အတွက် စားဝတ်နေရေား အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်ပြီးတော့ အလုပ်အကိုင်တွေကို အခု အစိုးရသစ်က ဘာတွေ စီစဉ်ထားတာ ရှိသလည်း မေးမယ်။”

ထိုင်း-မြန်မာနယ်စပ်မှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခ္ခသည် ၁ သိန်းကျော်ကို ပြန်ပို့ရေး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာတို့ ဆွေးနွေးမှာ ဖြစ်တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ရေးသားဖော်ပြနေကြပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွန် ၂၃ ရက်မှ ၂၅ ရက် ၃ ရက်တာ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း  ထမ်ဟင်ဒုက္ခ္ခသည်စခန်းကို ဇွန် ၂၅ မှာ သွားရောက်ရန် ရှိပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ၁၉၈၀ ပြည့်နှစ်ကနေ စတင်ပြီး ထိုင်း-မြန်မာ နယ်စပ်မှာ ဒုက္ခ္ခသည် စခန်း ၉ ခု ရှိပြီး ဒုက္ခ္ခသည် ၁ သိန်း ၅ ထောင်ကျော် ခိုလှုံနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013