DVB Logo
Home
မြန်မာသတင်း
ဒေါ်စု ထိုင်းခရီးစဉ်တွင် စီမံကိန်းကြီးများရပ်ဆိုင်းရန် အန်ဂျီအိုအဖွဲ့များ တောင်းဆို
DVB
·
June 22, 2016
ဒေါ်စု ထိုင်းခရီးစဉ်တွင် စီမံကိန်းကြီးများရပ်ဆိုင်းရန် အန်ဂျီအိုအဖွဲ့များ တောင်းဆို
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထိုင်းနဲ့ လုပ်ဆောင်မယ့် စီမံကိန်းကြီး ၂ ခုကို ရပ်တန့်ဖို့ ဇွန် ၂၁ ရက်က အစိုးရမဟုတ်တဲ့ လူမှုရေးအဖွဲ့အစည်း (အန်ဂျီအို)တွေက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံကို ဇွန် ၂၃ ရက်ကနေ ၂၅ ရက်အထိ ၃ ရက်ကြာ သွားရောက်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည့် ခရီးစဉ်အတွင်း နှောင့်နှေ်းနေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ သံလွင်မြစ်ပေါ်မှာ ဆည်တွေ တည်ဆောက်မယ့် စီမံကိန်းတွေကို ထိုင်းအစိုးရက ပြန်အသက်သွင်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒီစီမံကိန်းတွေကို လက်မှတ်ရေးထိုးဖို့ ကြိုးစားနေတာကို ဆိုင်းငံ့ထားဖို့ အန်ဂျီအို ၂၃ ဖွဲ့က တောင်းဆိုတယ်လို့ ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ့် သတင်းမှာ ရေးပါတယ်။

ဒေသခံတွေနဲ့ ဆွေနွေးညှိနှိုင်းထားခြင်းမရှိတဲ့ ထားဝယ်စီမံကိန်းဟာ ဒေသခံတွေရဲ့ မြေယာတွေနဲ့ အသက်မွေးဝမ်းကြောင်းမှုကို ထိခိုက်နိုင်တယ်လို့ အန်ဂျီအိုတွေက ထောက်ပြပါတယ်။

ဒါအပြင် သံလွင်မြစ်ပေါ်က ဆည်တွေဟာ ပတ်ဝန်းကျင်ကို ထိခိုက်စေသလို ရေလွမ်းမိုးမှုတွေ ဖြစ်လာနိုင်တဲ့အတွက် ထိုင်း-မြန်မာ နယ်စပ်မှာ ခေတ္တခိုလှုံနေတဲ့ ရှမ်းနဲ့ ကရင်ပြည်နယ်က တိုင်းရင်းသားတွေ အိမ်ပြန်ဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့လည်း အန်ဂျီအိုတွေက ဆိုပါတယ်။

မြန်မာနဲ့ လုပ်ဆောင်မယ့် စီမံကိန်းတွေဟာ ၂ နိုင်ငံ အပြန်အလှန်အကျိုးဖြစ်ထွန်းစေဖို့၊ ပွင့်လင်းမြင်သာပြီး စိတ်ချယုံကြည်ရတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်စေဖို့၊ ဆုံးဖြတ်ချက်တွေကို  လူထုတွေကို အသိပေးခွင့်ပြုဖို့၊  ပွင့်လင်းမြင်သာ ယုံကြည်မှုတွေရှိဖို့၊ ဗျူဟာကျ နယ်စပ်ဖြတ်ကျော် အကျိုးသက်ရောက်မှု စစ်ဆေးချက်တွေ ပြီးဆုံးတဲ့အထိ စောင့်ဆိုင်းပေးဖို့အတွက်  စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ရပ်ဆိုင်းထားဖို့ မြန်မာအစိုးရ ခေါင်းဆောင်တဦးကို တိုက်တွန်းတယ်လို့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်းမှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနဲ့ တွေ့ဆုံမှာ ဖြစ်သလို စမွတ်စခွန်မှာ မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ဒါအပြင် ရပ်ချဘူရီမှာရှိတဲ့ ထမ်ဟင်ဒုက္ခသည် စခန်းကို သွားရောက်ဖို့ ရှိနေပါတယ်။ ဒါအပြင် တရားမ၀င် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကို ဖြေရှင်းဖို့ ထိုင်းအလုပ်သမားဝန်ကြီးနဲ့ သဘောတူညီမှုတခု ရယူဖို့ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်လို့ သတင်းက ရေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013