DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဓလေ့တွင် ရက် ၁၀၀ စီမံချက် မရှိဟု ဦးဌေးဦး ပြော
DVB
·
June 22, 2016
မြန်မာ့ဓလေ့တွင် ရက် ၁၀၀ စီမံချက် မရှိဟု ဦးဌေးဦး ပြော
Donate to DVB

မြန်မာ့ဓလေ့မှာ ရက် ၁၀၀ စီမံချက်ဆိုတာ မရှိဘူးလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒု-ဥက္ကဋ္ဌ ဦးဌေးဦးက ပြောပါတယ်။

ဇွန်လ ၂၀ ရက် မနက်က ဟင်္သာတခရိုင်ဆေးရုံကြီးမှာ အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲ ဝေဒနာရှင်တွေကို အခမဲ့ ခွဲစိတ်ကုသပေးတဲ့ အခမ်းအနားကို ရောက်ရှိနေတဲ့ ပြည်ခိုင်ဖြိုးပါတီ ဒု-ဥက္ကဋ္ဌ ဦးဌေးဦးက မီဒီယာတွေနဲ့ တွေ့ဆုံစဉ် အခုလို ပြောကြားခဲ့တာပါ။

“ရက်တရာစီမံချက်ဆိုတာ ကျနော်တို့ဓလေ့မှာ မရှိဘူး။ ကျနော်သိသလောက်ကတော့ ကျနော်တို့ဓလေ့မှာ မရှိဘူး။ အမေရိကားမှာတော့ ရှိတယ်လို့ ကျနော်ကြားဖူးတယ်၊ ကြားတယ်ပေါ့နော်။ အဲတော့ ရက်တရာအတွင်းမှာကတော့ ကျနော်ထင်ပါတယ်၊ သူတို့လည်း အစွမ်းကုန်ပေါ့၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တိုင်းပြည်တိုးတက်အောင် သူတို့လုပ်ကြမှာပေါ့။ ကြိုးစားကြမှာပေါ့။”

လာမယ့် ၅ နှစ်တာကာလမှာ ကြံ့ခိုင်ရေးပါတီရဲ့ မူဝါဒအနေနဲ့ ဘယ်လိုရပ်တည်ချက်မျိုး ရှိမလဲဆိုတဲ့ မေးခွန်းကိုတော့ ပရဟိတလုပ်ငန်းတွေ လုပ်မယ်လို့သာ ဖြေကြားခဲ့ပါတယ်။

“ကျနော်တို့မှာ မူရှိပါတယ်။ မူရှိတဲ့ဟာက ဘာလဲဆိုရင် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကိုယ်တတ်နိုင်သလောက် ပြည်သူတွေအတွက် အကျိုးရှိအောင် ဆောင်ရွက်မှာပါ။ အခု ဒါဆိုရင် ပရဟိတသဘောမျိုးလည်းဆန်တယ်။ သို့သော်လည်းပဲ ပြည်သူတွေအတွက် တကယ်အကျိုးရှိပါတယ်။ အကျိုးရှိတဲ့အတွက် အကျိုးရှိတဲ့နေရာကို ရောက်အောင် ကျနော်တို့ ပါဝင်ဆောင်ရွက်တာပါ။ ဒါ တကယ်တော့ ကိုယ်တိုင်လုပ်တာ မဟုတ်ပါဘူး။ ကိုယ်မှ မခွဲတတ်တာ။ ပါဝင်ဆောင်ရွက်တာပါပဲ။”

ပြည်ခိုင်ဖြိုးပါတီ ဒု-ဥက္ကဋ္ဌ ဦးဌေးဦး ဦးဆောင်တဲ့ စက္ကုပါလဓိ ဖောင်ဒေးရှင်းရဲ့ အခုလို အခမဲ့ ခွဲစိတ်မှု ပြုလုပ်ပေးရာမှာ ဟင်္သာတခရိုင် ဆေးရုံအုပ်ကြီးအနေနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးကို အကြောင်းကြားခဲ့ခြင်းမရှိလို့ ခေါ်ယူသတိပေးခံခဲ့ရပါတယ်။

တိုင်းဒေသကြီးဝန်ကြီးက အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေရဲ့ အကျိုးစီးပွားအတွက် ဆေးရုံတွေကို အသုံးချခြင်းမပြုဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

သတင်း - စိုးရ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013