DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီနှင့် အရပ်ဘက်အဖွဲ့များ တွေ့ဆုံ
DVB
·
June 21, 2016
လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီနှင့် အရပ်ဘက်အဖွဲ့များ တွေ့ဆုံ
Donate to DVB

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ  ဒီကနေ့ ရန်ကုန်နဲ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့  အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့   တွေ့ဆုံဆွေးခဲ့ကြပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ဟာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒီနေ့ ရန်ကုန်မြို့ UNDP ရုံးမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး လက်ရှိဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေ ဆွေးနွေးခဲ့သလို အစိုးရသစ်အနေနဲ့ လူ့အခွင့်အရေး လေးစားအောင် လုပ်ဆောင်မယ်ဆိုရင် ဘယ်လိုချက်တွေလုပ် ဆောင်သင့်သလဲဆိုတာ အဓိက ထားဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ကျနော်တို့က အစိုးရသစ်လက်ထဲမှာ ဥပဒေဟောင်းတွေပြောင်းဖို့၊ တဆက်ထဲမှာလည်း တချို့နေရာတွေမှာ စိုးရိမ်စရာရှိတဲ့အရာမျိုးတွေ၊ ဥပမာ ပလိပ်က အလုပ်သမားတွေ သွားဖမ်းတဲ့တချိန်မှာ ငြိမ်းစုစီပုဒ်မတွေအပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စွဲထားတာ အမှန်တော့ ဒီလိုဥပဒေတွေနဲ့မစွဲသင့်ဘူး။ နောက်တခုကတော့ လက်နက်ကိုင်ကိစ္စပါ။ ပင်လုံပဲ ခေါ်ခေါ်၊ ငြိမ်းချမ်းရေးပဲခေါ်ခေါ် တဖက်မှာ တိုက်ပွဲဖြစ်နေတာ ဘယ်သူမှ ငြင်းလို့မရဘူး။ အထူးသဖြင့် ကချင်နဲ့ရှမ်းမြောက်မျာ တိုက်ပွဲဖြစ်နေသလို အရပ်သားတွေအပေါ် ဖမ်းဆီးတွေ၊ နှိပ်စက်မှုတွေ ရှိနေတယ်။ ငြိမ်းချမ်းရေး အမှန်တကယ်လုပ်မယ်ဆိုရင် အပစ်ခတ်ရပ်စဲရေးကို ဦးစားပေး လုပ်ဆောင်သင့်တယ်ဆိုတဲ့အချက်တွေ တင်ပြတာရှိပါတယ်။ ”

ဒါ့အပြင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေတွေမှာ လူ့အခွင့်အရေးနဲ့ သိပ်ပြီးတော့ မကိုက်ညီသေးတဲ့ အချက်တွေရှိနေတယ်ဆိုတဲ့ဟာကိုလည်း ဆွေးနွေးခဲ့ကြောင်းလည်း ပြောပါတယ်။

ဒီကနေ့တွေ့ဆုံတဲ့ အရပ်ဘက်အဖွဲ့တွေထဲမှာ အမျိုးသမီးအဖွဲ့တွေ၊ နိုင်ငံရေးကျဉ်းသားအဖွဲ့တွေ၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသားရေးရာအဖွဲ့တွေ ပါဝင်ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

လူ့အခွင့်အရေး ကိုယ်စားလှယ်ဟာ မနက်ဖြန် ဇွန်လ ၂၂ ရက်နေ့မှာောတ့  ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ဖို့ရှိပြီး  ပြည်နယ်အစိုးရနဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့ ရှိပါတယ်။

ရခိုင်ခရီးစဉ်ပြီးတဲ့နောက်ပိုင်းမှာတော့ ကချင်နဲ့ ရှမ်းပြည်နယ်တွေက ဒုက္ခသည်စခန်းတွေကို လည်း သွားရောက်လေ့လာဖို့ရှိပါတယ်။

မနေ့က နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ ပါတယ်။

မစ္စယန်ဟီးလီဟာ အစိုးရသစ်လက်ထဲမှာ ဒါပထမဆုံးအကြိမ်လာရောက်တာဖြစ်ပြီး လာမယ့် စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ ညီလာခံမှာတင်သွင်းမယ့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာအတွက် လာရောက်လေ့လာတာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013