DVB Logo
Home
မြန်မာသတင်း
၂၁ ပင်လုံညီလာခံတွင် အဓိကထားဆွေးနွေးမည့် ပြင်ဆင်မှု PNLO ဆွေးနွေး
DVB
·
June 20, 2016
၂၁ ပင်လုံညီလာခံတွင် အဓိကထားဆွေးနွေးမည့် ပြင်ဆင်မှု PNLO ဆွေးနွေး
Donate to DVB

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က ဗဟိုကော်မတီအစည်းအဝေးမှာ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်မှု လုပ်ငန်းစဉ်တွေကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး တာဝန်အပြောင်းအလဲ တချို့ပြုလုပ်ခဲ့ကြပါတယ်။

ဇွန်လ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့ အထိကျင်းပတဲ့ အစည်းအဝေးမှာ ပြည်တွင်းစစ်ချုပ်ငြိမ်း ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) မှာ အဓိကထားဆွေးနွေး အဖြေရှာနိုင်ဖို့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိ PNLO ရဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကို ဗဟိုအလုပ်အမှုဆောင် တဦးကဲ့သို့ လုပ်ပိုင်ခွင့်နဲ့ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ဦးဆောင်နာယကအဖြစ် တိုးမြှင့်တာဝန်ပေးအပ်ခဲ့ပါတယ်။

ဗိုလ်မှူးကြီးခွန်ဥက္ကာကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မီတီမှာ PNLO က ကိုယ်စားပြုပါဝင်နေတဲ့ ဆရာခွန်ထွန်းတင်ရဲ့နေရာမှာလည်း အစားထိုးလဲလှယ်တာဝန်ပေး အပ်ခဲ့ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး အမှန်တကယ်ရရှိဖို့ ဘ၀တူညီနောင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး အတူတကွပါဝင်လာနိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းမှာဖြစ်သလို ပအိုဝ်း အမျိုးသားစုတရပ်လုံးရဲ့ စည်းလုံးညီညွှတ်မှုကိုလည်း တည်ဆောက်နိုင်ဖို့လည်း ဆွေးနွေး ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013