DVB Logo
Home
မြန်မာသတင်း
ကမ္ဘာတလွှား နေအိမ်စွန့်ခွာရွှေ့ပြောင်းသူ ၆၅ သန်းကျော် စံချိန်တင်
DVB
·
June 20, 2016
ကမ္ဘာတလွှား နေအိမ်စွန့်ခွာရွှေ့ပြောင်းသူ ၆၅ သန်းကျော် စံချိန်တင်
Donate to DVB

၂၀၁၅ ခုနှစ်ကုန်ပိုင်းစာရင်းအရ ကမ္ဘာတလွှား လူဦးရေပေါင်း ၆၅ ဒသမ ၃ သန်းဟာ နေအိမ်တွေကိုစွန့်ခွာပြီး ရွှေ့ပြောင်းနေထိုင်သူတွေအဖြစ် အများဆုံးစံချိန်သစ်တင်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ထုတ်ပြန်ခဲ့တဲ့ဒီအရေအတွက်ဟာ မကြုံစဖူး ဆိုးရွားလာနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှုအကျပ်အတည်းကို မီးမောင်းထိုးပြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီက “သန်းခြောက်ဆယ်အရေအတွက်ကို ကျော်သွားတာ ဒါ ပထမ ဆုံးပါပဲ” လို့ ပြောပါတယ်။

ဆီးရီးယားနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေက ပဋိပက္ခတွေကြောင့် ရွှေ့ပြောင်းသူအရေအတွက် စံချိန်တင်ခဲ့တာဖြစ်ကြောင်းနဲ့ နေရာချထားရေးလုပ်ကိုင်ဆောင်ရွက်ရာမှာ တိုးတက်မှုနှေးကွေးတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရမ်ဒီက ပြောပါတယ်။

ပဋိပက္ခနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေဟာ လူတွေပိုမိုထွက်ပြေးများပြားလာစေသလို ရွှေ့ပြောင်းမှုကို နိုင်ငံရေးအရ ဆန့်ကျင်တဲ့စိတ်ဓာတ်တွေဟာလည်း ဒုက္ခသည်တွေကို ပြန်လည်နေရာချထား ရာမှာ အခက်ကြုံနေရတယ်လို့ သူက ပြောပါတယ်။

ကုလသမဂ္ဂစာရင်းတွေအရ ၂၀၀၅ ခုနှစ်တုန်းက တမိနစ်ကို ၆ ဦးသာ ရွှေ့ပြောင်းသူရှိရာက ၂၀၁၅ ခုနှစ်မှာတော့ တမိနစ်မှာ ရွှေ့ပြောင်းသူ ၂၄ ဦးရှိလာကြောင်းနဲ့၊ ၂၀၁၅ ခုနှစ်တနှစ်တည်း ကမ္ဘာတလွှားမှာ လူပေါင်း ၅ ဒသမ ၈ သန်း ရွှေ့ပြောင်းနေထိုင်ခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့လူဦးရေ ၇ ဒသမ ၃၄၉ ဘီလီယံရှိတဲ့အနက် လူ ၁၁၃ ဦးမှာ ၁ ဦးနှုန်းဟာ ရွှေ့ပြောင်း နေထိုင်သူ သို့မဟုတ် ဒုက္ခသည်ဖြစ်နေပြီး ဒါဟာ ထုံးစံမဟုတ်ဘဲ စိုးရိမ်ဖွယ်အဆင့်ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာလည်း ပြည်တွင်းစစ်ကြောင့် မြန်မာ-ထိုင်း၊ မြန်မာ-တရုတ် နယ်စပ်တွေမှာ ဒုက္ခသည်ပေါင်း တသိန်းကျော်ဟာ ဆယ်စုနှစ်တွေနဲ့ချီပြီး နေထိုင်နေကြသလို ပြည်တွင်း မှာလည်း ပုန်းအောင်နေထိုင်ကြသူတွေ အများအပြားရှိနေဆဲဖြစ်ပါတယ်။

ကမ္ဘာ့ဒုက္ခသည်များနေ့အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ဒီကနေ့ ကျင်းပကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013