DVB Logo
Home
မြန်မာသတင်း
ကုန်သွယ်မှုမြင့်မားရေး အထူးအရေးကြီးဟု ဒုသမ္မတ ဦးမြင့်ဆွေရှင်းလင်း
DVB
·
June 20, 2016
ကုန်သွယ်မှုမြင့်မားရေး အထူးအရေးကြီးဟု ဒုသမ္မတ ဦးမြင့်ဆွေရှင်းလင်း
1 / 2
Donate to DVB

မြန်မာနိုင်ငံအနေနဲ့ ကုန်သွယ်မှုအပေါ်မှီခိုမှုဟာ ၃၀ ရာခိုင်နှုန်းထိရှိနေတာကြောင့် ကမ္ဘာ့ ကုန်သွယ်ရေးနဲ့ မြန်မြန် ပေါင်းစည်းဖို့လိုအပ်တယ်လို့ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။

ဇွန်လ ၂၀ ရက်နေ့က ကမ္ဘာ့ဘဏ်က အပြီးသတ်ရေးဆွဲပြီးဖြစ်တဲ့ ကုန်သွယ်မှုဘက်စုံလေ့လာ ဆန်းစစ်ခြင်း အစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနားမှာပြောခဲ့တာပါ။

ဈေးကွက်စီးပွားရေးစနစ်ပီပြင်လာဖို့ကို အစိုးရက ဦးစားပေးမူဝါဒ တရပ်အနေနဲ့ ချမှတ်ဆောင်ရွက်နေကြောင်းနဲ့ ကမ္ဘာ့စီးပွားရေးနှေးကွေးလာတာနဲ့အမျှ အာရှဒေသအတွင်း စီးပွားရေး အင်အားကြီးနိုင်ငံတွေရဲ့ စီးပွားရေးတွေဟာလည်း နှေးကွေးလာကြောင်း ပြောပါတယ်။

ဒီအချိန်မှာ မြန်မာနိုင်ငံအနေနဲ့ တကမ္ဘာလုံးနဲ့ ပေါင်းစည်းမှုအလျင်အမြန် မြင့်မားလာဖို့ အရေးကြီးပြီး အထူးသဖြင့် ကုန်သွယ်မှုကဏ္ဍမှာ ကမ္ဘာကြီးနဲ့ မြန်မြန်ဆန်ဆန် ပေါင်းစည်းနိုင်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

ဒုတိယသမ္မတ ဦးမြင့်ဆွေက “ မြန်မာ နိုင်ငံရဲ့ ပထ၀ီနိုင်ငံရေးအချက်အခြာကျမှုကို အကျိုးရှိရှိ ထိထိရောက်ရောက်အသုံးချနိုင်ဖို့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုကဏ္ဍ မြင့်မားလာရေးက အထူးပဲ အရေးကြီးနေပါတယ်”လို့ ပြောပါတယ်။

ကမ္ဘာ့ဘဏ်က အကြီးတန်း စီးပွားရေး ပညာရှင် Sjamsu Rahardja က “ပထမအချက်က မြန်မာနိုင်ငံအနေနဲ့ တကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုစီးပွားရေးလမ်းကြောင်းနဲ့ ပိုမိုပြီး ပူးပေါင်း ဆောင်ရွက်ဖို့၊ ရုပ်ပိုင်းဆိုင်ရာ အဆောက်အဦတွေ ဖွံ့ဖြိုးတိုးတက်ဖို့အပြင် ကုန်သွယ်ရေး အတွက်ဆောင်ရွက်နေတဲ့ ဌာနဆိုင်ရာတွေရဲ့ စွမ်းဆောင်ရည် တွေကို မြှင့်တင်သွားဖို့ဆိုတဲ့ Soft Infrastructure ပိုင်းကိုလည်း အလေးပေးပြီးတော့မှ ဆောင်ရွက်သွားဖို့၊ ကုန်သွယ်မှုတွေ တိုးမြှင့်ဆောင်ရွက်တဲ့အခါမှာ ငြိမ်းချမ်းရေးဆောင်ရွက်တဲ့ လုပ်ငန်းစဉ်နဲ့လည်း အတူ ပူးပေါင်း ပြီးမှ ဆောင်ရွက်သွားဖို့၊ SMEလုပ်ငန်းတွေ ငွေကြေးအရင်းအနှီး ပိုမိုရရှိနိုင်အောင်လို့ ငွေရေး ကြေးရေးဆိုင်ရာ လုပ်ငန်းတွေ တိုးမြှင့်ဆောင် ရွက်ပေးဖို့ ဆိုပြီး အဓိကအချက်တွေအနေနဲ့ အကြံပြုထားပါတယ်” လို့ ပြောပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့်က မြန်မာနိုင်ငံအနေနဲ့ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းတွေရှိသလို စိန်ခေါ်မှု တွေလည်း ရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013