DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီ အလုပ်အမှုဆောင်ဖြည့်စွက်ရွေးချယ်ရာတွင် လူငယ်များပါဝင်နိုင်ရေး အစည်းအဝေး ပြုလုပ်
DVB
·
June 20, 2016
အန်အယ်လ်ဒီ အလုပ်အမှုဆောင်ဖြည့်စွက်ရွေးချယ်ရာတွင် လူငယ်များပါဝင်နိုင်ရေး အစည်းအဝေး ပြုလုပ်
1 / 2
Donate to DVB

13487538_1350779531615752_1675483307_nအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လစ်လပ်နေတဲ့ အလုပ်အမှုဆောင်နေရာတွေမှာ လူငယ်တွေ ပါဝင်နိုင်ဖို့အတွက် ဒီကနေ မနက် ၁၀ နာရီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဗဟို ဌာနချုပ်ရုံးမှာ ပြည်နယ်နဲ့တိုင်းဒေသကြီးက လူငယ်တွေ အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေး လောကဓံ အမျိုးမျိုးကို ဖြတ်သန်းခဲ့ရတာကြောင့် လူငယ်တွေရဲ့ အသက် သတ်မှတ်ချက်တွေကို အမျိုးမျိုးပြောင်းလဲခဲ့ရပါတယ်။ အခုအခါမှာတော့ အန်အယ်လ်ဒီအနေနဲ့ ပွင့်လင်းတဲ့အခြေအနေကို ရောက်ရှိပြီဖြစ်သလို အစိုးရကို ဦးဆောင်နိုင်တဲ့ အခြေအနေကိုလည်း ရောက်နေပြီဖြစ်တဲ့အတွက် အဖွဲ့ချုပ်လူငယ်ရဲ့ အသက်ကို ၃၀ အဖြစ် သတ်မှတ်ထားပါတယ်။

အဖွဲ့ချုပ်အနေနဲ့ အလုပ်အမှုဆောင်နေရာတွေကို ရွေးချယ်တဲ့နေရာမှာ ဗဟိုလူငယ် အဖွဲ့ဝင်တွေနဲ့ သာမန်လူငယ်အဖွဲ့တွေ ဝင်ရောက်အရွေးချယ်ခံခွင့်ရှိတယ်လို့ အန်အယ်လ်ဒီရဲ့ ထုတ်ပြန်ချက်ထဲ မှာ ဖော်ပြထားပါတယ်။

အဖွဲ့ချုပ် လူငယ်ပြန်လည်ဖွဲ့စည်းရေးကိုတော့ သီးခြားညွန်ကြားချက် ထုတ်ပြန်မယ်လို့ အန်အယ်လ်ဒီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013