DVB Logo
Home
မြန်မာသတင်း
မြ၀တီချစ်ကြည်ရေးတံတားသစ်မြေပြဿနာ ထိုင်းဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးမည်
DVB
·
June 20, 2016
မြ၀တီချစ်ကြည်ရေးတံတားသစ်မြေပြဿနာ ထိုင်းဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးမည်
Donate to DVB

လာမယ့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို လာရောက်တဲ့အခါမှာ မဲဆောက် နဲ့ မြ၀တီကြားက ဆောက်လုပ်ဆဲ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအမှတ် ၂ ရှိ မြေကွက်ပြဿနာကို ဆွေးနွေးမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နိုင်းအားခုမ်း တိမ်းဖိထယားဖိုင်းဆစ်နဲ့ ဆောက် လုပ်ရေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ ဇွန်လ ၁၉ ရက်နေ့က တာ့ခရိုင် မဲဆောက်မြို့နယ် ထာ့ဆိုင်လွတ်ရပ်ကွက်ရှိ ဆောက်လုပ်ဆဲ ထိုင်းမြန်မာချစ်ကြည်ရေး အမှတ် ၂ တံတားကို လာရောက်ကြည့်ရှုစစ်ဆေးပြီး သတင်းထောက်တွေကို ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ဘတ်ငွေ သန်းပေါင်း ၃၉၀၀ ကုန်ကျမယ့် အဆိုပါချစ်ကြည်ရေး အမှတ် ၂ တံတားကို ထိုင်းနိုင်ငံ လမ်းတံတားေ ဆာက်လုပ်ရေးဦးစီးဌာနမှ တာဝန်ယူဆောက်လုပ်နေကာ ထိုင်းဘက်ခြမ်းမှာ အရှည် ၁၇ ကီလိုမီတာ၊ မြန်မာဘက်ခြမ်း မြ၀တီဘက်မှာ ၄ ကီလိုမီတာ ရှည်လျားမှာ ဖြစ်ပါတယ်။

ထိုင်းဘက်ခြမ်းက တည်ဆောက်မှုအခြေအနေ ၂၅ ရာခိုင်နှုန်းပြီးစီးနေပြီး မြန်မာဘက်ခြမ်း ကတော့ လူနေအိမ်နဲ့ ဈေးဆိုင်တွေ တည်ရှိရာနေရာပါ ပါဝင်နေတဲ့အတွက် ကန့်ကွက်ခြင်း ခံထားရတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၂၃ မှ ၂၅ ထိ ထိုင်းနိုင်ငံကို လာရောက်မှာဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် စစ်ပြေးဒုက္ခသည်စခန်းတွေပါ ရောက်လာဖို့ရှိကြောင်း၊ မြ၀တီ ဒေသခံတွေ ဘက်ကလည်း တံတားဆောက်လုပ်ရေးမှာ သူတို့နေရာ အဖယ်မခံရရေးအတွက် ထပ်မံ တောင်းဆို ကန့်ကွက်စာပေးပို့မယ်လို့ သတင်းတွေထွက်ပေါ်နေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013