DVB Logo
Home
မြန်မာသတင်း
၅ ပေအနက်ရှိ ရေအိုင်အတွင်း လူသေအလောင်းတွေ့ရှိ
DVB
·
June 20, 2016
၅ ပေအနက်ရှိ ရေအိုင်အတွင်း လူသေအလောင်းတွေ့ရှိ
Donate to DVB

ပဲခူးတိုင်းဒေသကြီး ဖဒိုမြို့ချောင်းကျေးရွာ အမြန်လမ်း ၈၃ မိုင် ၄ ဖာလုံ အနီး ကျေးလက်ကျန်းမာရေးဆေးခန်းနောက်ရှိ အနက်ပေ ၅ ပေ ရှိတဲ့ ရေအိုင်အတွင်း လူသေအလောင်း ၁ လောင်းကို ဇွန်လ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက တွေ့ရှိခဲ့ပါတယ်။

ဖဒိုမြို့ချောင်းကျေးရွာ ကျေးလက်ကျန်းမာရေးဆေးခန်း အနောက်ဘက် ရေအိုင်ထဲမှာ အလောင်း ၁ လောင်းတွေ့ရှိတဲ့အတွက် ဖဒိုမြို့ချောင်း အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းသိန်းက ဖဒိုနယ်မြေ ရဲစခန်းကို အကြောင်းကြားခဲ့ပါတယ်။ အလောင်းကို ဆယ်ယူ စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဦးမင်းနိုင်ဦး (၄၂ နှစ်) ဖြစ်ပြီး မင်းလှ စိန်ကန့်လန့် လမ်းဘေး ၁၆ မိုင်တွင် နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူမှာ အခြားဒဏ်ရာ ဒဏ်ချက်မရှိဘဲ အရက်အလွန်အကျွံ သောက်သုံးနေသူဖြစ်ပြီး အရက်မူးလွန်ကာရေအိုင်ထဲ ပြုတ်ကျ ရေနစ်သေဆုံးကြောင်း စစ်ဆေးတွေ့ရှိရတဲ့အတွက် ဖဒိုနယ်မြေရဲစခန်းက သေမှုသေခင်း ၄ / ၂၀၁၆ အမှုဖွင့်ထားကြောင်း သိရပါတယ်။

(သတင်း၊ ဓာတ်ပုံ - သူရိန်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013