
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ခရီးစဉ်တလျှောက် မြန်မာနိုင်ငံအနှံ့ မဲဆွယ်စည်းရုံးမှုတွေကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံပြပွဲရောင်းချငွေကရလာတဲ့ ၁၇၁ သိန်းကျော်နဲ့ အလှူရှင်တွေ ပါဝင်လှူဒါန်းငွေစုစုပေါင်း ၁၈၅ သိန်းကို ရေရှားပါးဒေသတွေကို လှူဒါန်းခဲ့ပါတယ်။
ဓာတ်ပုံဆရာ စောဖိုးခွားက ရေရှားပါးတဲ့ ဒေသတွေမှာ ရေတွင်းတူးဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ်မြောက်မွေးနေ့အဖြစ် လှူဒါန်းခဲ့ပါတယ်။
ကယားပြည်နယ် ရှားတောကျေးရွာ၊ လွိုင်ကော် လွယ်တမူကျေးရွာနဲ့ ဖရုဆိုကျေးရွာအပြင် ကျောက်တန်းမြို့နယ်တွေမှာ ရေတွင်းတူးတဲ့လုပ်ငန်းတွေနဲ့ စာသင်ကျောင်းဆောက်တဲ့ လုပ်ငန်းတွေကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံပြပွဲကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရန်ကုန်ပြပွဲမှာ ဓာတ်ပုံ ရောင်းချငွေ ၆၁ သိန်းနဲ့ ၎ သောင်း အလှူခံရရှိခဲ့ပြီး မန္တလေးမြို့မှာတော့ ၁၀၉ သိန်းနဲ့ ၇ သောင်းရခဲ့တယ်လို့ ဆိုပါတယ်။










