DVB Logo
Home
မြန်မာသတင်း
နော်ဝေနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ အကြို ဖွင့်ပွဲ (ရုပ်သံ)
DVB
·
June 19, 2016
နော်ဝေနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ အကြို ဖွင့်ပွဲ (ရုပ်သံ)
Donate to DVB

နော်ဝေနိုင်ငံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ အကြိုဖွင့်ပွဲကို ဇွန် ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီပွဲကို နိုင်ငံတကာရောက် မြန်မာပြည်သူတွေ တက်ရောက်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်ပန်းခြံနဲ့ ဖရိုလန်းမြို့အလှကို ရဟတ်ယာဉ်နဲ့ ဝေဟင်ကနေ လှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။

ပန်းခြံအကြိုဖွင့်ပွဲမှာ Aung San Suu Kyi Park ဟူသော စာတန်းကြီးကို ပန်းပင်တွေ ဝိုင်းဝန်းစိုက်ကာ ပုံဖော်တာ၊ သဝဏ်လွှာ ဖတ်ကြားတာ၊ တိုင်းရင်းသားရိုးရာ အကတွေနဲ့ တင်ဆက်ဖျော်ဖြေခဲ့ကြပါတယ်။

ဒီနောက်မှာတော့ ဒိန်းမတ်နိုင်ငံကနေ ယူဆောင်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံမှာ ထားရှိမယ့် ကျောက်စာအပ်နှံတဲ့ အခမ်းအနားကို ပြုလုပ်ခဲ့ကြပါတယ်။

ဇွန် ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံကို တရားဝင်ဖွင့်လှစ်သွားမှာဖြစ်ပြီး နော်ဝေနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Kjell Magne Bondevik ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

သတင်းနှင့်ရုပ်သံ - Aung San Suu Kyi Park Norway

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013