DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ကလေးမြို့နယ်လုံးဆိုင်ရာ သစ်ပင်စိုက်ပွဲ ကျင်းပမည်
DVB
·
June 18, 2016
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ကလေးမြို့နယ်လုံးဆိုင်ရာ သစ်ပင်စိုက်ပွဲ ကျင်းပမည်
1 / 2
Donate to DVB

ဇွန် ၁၉ ရက်နေ့ ကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်စုကြည်ရဲ့ အသက် ၇၁ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ကလေးမြို့နယ်လုံးဆိုင်ရာ သစ်ပင်စိုက်ပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။

“သစ်ပင်စိုက်မှာကတော့ အဖွဲ့စုံ ပေါင်းစိုက်ကြမှာပါ။ နေရာကို ကလေးမြို့ ပင်လုံလမ်းမတော် လမ်းတလျှောက်နဲ့ ရေဘေးပြောင်းရွေ့ရွာဖြစ်တဲ့ နန်းဆောင်းပု ရွာသစ်မှာ တစ်ရက်ထဲ လှည့်စိုက်သွားမှာပါ လို့ ကလေးမြို့နယ် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးဝေလွင်ဖြိုးက ပြောပါတယ်။

သစ်ပင်ပါဝင်စိုက်ပျိုးမယ့် ဦးခင်မောင်ဆွေက “သစ်ပင်တွေကို စိုက်ရုံတင်မဟုတ်ဘဲ ရေရှည်မှာ အကျိုးဖြစ်ထွန်းဖို့ ရှင်သန်အောင် စောင့်ရှောက်ပေးဖို့လည်း လိုပါတယ်။ အရင်က သစ်ပင်တွေစိုက်တယ်။ ဂရုမစိုက်တော့ အလကားဖြစ်တာပါပဲ။ အလကားမဖြစ်အောင် ဂရုစိုက်ဖို့ တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းမှတ် သစ်ပင်စိုက်ပွဲကို ဇွန်လ ၁၉ ရက် မနက် ၈ နာရီမှာ ပင်လုံလမ်းမတော်ကနေ စတင်စိုက်ပျိုးကြမှာပါ။

စိုက်ပျိုးမယ့် အပင်တွေကတော့ ဓာတ်ကြိုးတွေနဲ့ လွတ်တဲ့ အပင်ပုအမျိုးအစား ရေတမာနဲ့ စက္ကူပန်းပင်တွေကို ပင်လုံလမ်းမတော်မှာ စိုက်မှာဖြစ်ပြီး နန်စောင်းပုရွာမှာတော့ အပင်ကြီးတွေဖြစ်တဲ့ ကျွန်း၊ ပျဉ်းကတိုးနဲ့ ယူကလစ်ကို စိုက်သွားမယ်လို့ ဦးဝေလွင်ဖြိုးက ပြောပါတယ်။

13406968_606389899536908_132900147175305761_nဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ကလေးမြို့ သစ်ပင်စိုက်ပွဲမှာ နေရာ နှစ်နေရာပေါင်း အပင် ၁၆၀၀ ကျော် စိုက်ပျိုးသွားမယ်လို့ သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013