DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပညာရေးမြှင့်တင်မှုအတွက် တောင်ကိုရီးယားက ကျောင်းကားများလှူဒါန်း
DVB
·
June 18, 2016
မြန်မာ့ပညာရေးမြှင့်တင်မှုအတွက် တောင်ကိုရီးယားက ကျောင်းကားများလှူဒါန်း
1 / 4
Donate to DVB

မြန်မာ့ပညာရေးကဏ္ဍ မြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး ကျောင်းကားအစီး ၄၀ ကို တောင်ကိုရီးယားနိုင်ငံက လာရောက်လှူဒါန်းခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အဓိကထားဆောင်ရွက်နေတဲ့ ပညာရေးကဏ္ဍမြှင့်တင်မှုအတွက် ကျောင်းကားတွေ လှူဒါန်းရတာ ဖြစ်ပြီး ပတ်ဝန်းကျင်ကောင်းတွေရရှိအောင်လည်း ဆက်လက်ထောက်ပံ့ပေးသွားမယ်လို့ Korea International Cooperation Agency က ကိုရီးယားနိုင်ငံ သံအမတ်ကြီးက ပြောပါတယ်။

ဇွန်လ ၁၇ ရက်နေ့က နေပြည်တော် အထက (၆) ကျောင်းဝန်းအတွင်းမှာ ပြုလုပ်ခဲ့တဲ့ ကျောင်းကားအစီး ၄၀ ကို လှူဒါန်းပွဲ အခမ်းအနားမှာ ကိုရီးယား သံအမတ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်ဖွံ့ဖြိုးရေးဟာ နိုင်ငံအတွင်းက အခြေခံ ပညာရေး ပိုမိုကောင်းမွန်မှုအပေါ်မှာ မူတည်နေလို့ အဲဏ္ဍအတွက် လှူဒါန်းတာပါ။ ဒီကဏ္ဍက နိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အဓိကထားဆောင်ရွက်မယ့် ကိစ္စလည်းဖြစ်တာကြောင့် ကျေနပ်ဝမ်းသာပါတယ်။ ကိုရီးယားနိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံရဲ စီးပွားရေး၊ လူမှုရေးတွေမှာ ရေရှည်တည်တံ့ကောင်းမွန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ပေါ်စေဖို့ ဆက်လက်ထောက်ပံ့သွားမှာပါ။"

အဲဒီကျောင်းကားတွေနဲ့ ဇဗ္ဗူသီရိမြို့နယ်အတွင်းက ကျောင်းသားကျောင်းသူတွေကို အကြိုအပို့ ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။

ဒီကျောင်းကားတွေကို ကျောင်းသူ/ကျောင်းသား ၁၀၀၀ လောက်အတွက် ကြိုပို့ လုပ်ပေးသွားမယ်လို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောါပတယ်။

"ဇဗ္ဗူသီရိမြို့နယ်အတွင်းမှာရှိတဲ့ ကျောင်းသားကျောင်းသူ တစ်ထောင်လောက်ကို ကျောင်းအသွားအပြန် အဆင်ပြေအောင်ပို့ပေးမှာပါ။ အမြန်လမ်းက ကျေးရွာ ၅ ရွာလောက်က ကျောင်းသားကျောင်းသူ ၆၀ လောက်က မိဘတွေအနေနဲ့ သားသမီးတွေ ကျောင်းတက်ရေးမှာ ပိုပြီးတော့ အဆင်ပြေလာမှာဖြစ်ပါတယ်"လို့ ပြောပါတယ်။

ကျောင်းကားအရောင်တွေကတော့ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ အ၀ါရောင်တွေဖြစ်ပြီး ကျောင်းသားနဲ့ ပတ်သက်တဲ့ စက်သုံးဆီ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ကားပြုပြင်စရိတ် စတာတွေကို အခြေခံပညာဦးစီးဌာန ခွင့်ပြုရန်ပုံငွေထဲက အကုန်အကျခံသွားမယ်လို့ သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ - အောင်ကိုကိုလတ်

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013