DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီးစဉ်မတိုင်မီ မြန်မာအလုပ်သမားများကို ဖမ်းဆီး
DVB
·
June 18, 2016
ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီးစဉ်မတိုင်မီ မြန်မာအလုပ်သမားများကို ဖမ်းဆီး
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီး မစတင်မီ အထောက်အထားမဲ့ မြန်မာ အလုပ်သမားတွေကို ထိုင်းတာဝန်ရှိသူတွေက နေ့စဉ် ဖမ်းဆီးနေပါတယ်။

ထိုင်းမဲဆောက်အနီးမှာရှိတဲ့ စက်ရုံတွေကို ထိုင်းတာဝန်ရှိသူတွေက ရှောင်တခင် ၀င်ရောက် စစ်ဆေးပြီး အထောက်အထားမဲ့ မြန်မာ အလုပ်သမား အနည်းဆုံး ၁၀ ဦးလောက်ကို နေ့စဉ် ဖမ်းဆီးတယ်လို့ ထိုင်းနေရှင်းသတင်းက ရေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၃ ရက်ကြာ ထိုင်းခရီးစဉ်ဟာ ဇွန် ၂၃ ရက်နေ့ စတင်မှာ ဖြစ်ပါတယ်။

ခရီးစဉ်အတွင်း ရွှေ့ပြောင်းအလုပ်သမားတွေ၊ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာတို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သတင်းက ရေးပါတယ်။

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ညွန်ကြားရေးမှူး ဦးကျော်သောင်းကတော့ ဘန်ကောက်၊ မဟာချိုင်နဲ့ တခြားနေရာတွေမှာ အလုပ်သမားတွေကို ဖမ်းဆီးမှုက ပုံမှန်ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ တိုက်ရိုက်ပတ်သက်မှု ရှိမရှိကတော့ ပြောဖို့ ခက်တယ်လို့ ဆိုပါတယ်။

“ ဖမ်းဆီးတာကို ကျနော့်သဘောထားကို ပြောမယ်ဆို ပိုတောင်ကောင်းတယ်လို့ ပြောမှာ၊ မြန်မာတွေကို ဖမ်းလို့ ပြောတာမဟုတ်ဘူး။ အဖြစ်အပျက်ကို ဒေါ်အောင်ဆန်းစုကြည် ပိုမို အသေးစိတ် သိစေတဲ့အတွက် ကျနော် ကျေးဇူးတောင် တင်သေးတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံအတွင်းမှာ လာရောက် အလုပ်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသားတယောက်ရဲ့ လုံခြုံမှု ဘယ်လိုရှိလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သတင်းအချက်အလက်ပိုရတဲ့ အတွက် ကျနော်က ကျေးဇူးတောင်တင်သေးတယ်” လို့ သူက ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာနေတဲ့ မြန်မာအလုပ်သမားတွေဟာ ပတ်စပို့ပဲလုပ်ထားထား၊ ပန်းရောင်ကတ်ပဲ ကိုင်ထားထား မြန်မာမြင်လို့ ဖမ်းလိုက်ရင် ငွေထွက်တဲ့ အေတီအမ် ငွေထုတ်စက်အဖြစ်ကို ထိုင်းရဲတွေက သတ်မှတ်ထားတယ်လို့လည်း ဦးကျော်သောင်းက ပြောပါတယ်။

ထိုင်းဥပဒေအရ တနေ့ကို အလုပ်သမားတဦးရဲ့ အနိမ့်ဆုံးဝင်ငွေ ဘတ် ၃၀၀ ရရှိဖို့ သတ်မှတ်ထားပေမယ့် မြန်မာစက်ရုံအလုပ်သမားတွေဟာ ဘတ် ၁၀၀ ကနေ ၂၀၀ အကြားသာ ရကြပါတယ်။

တချို့ စက်ရုံတွေမှာလည်း အလုပ်သမားတွေ ရရှိခြင်းမရှိတဲ့ တနေ့ လုပ်အားခ ဘတ် ၃၀၀ ရတယ်လို့ အတင်းအကျပ် လက်မှတ်ထိုးခိုင်းတာတွေ ရှိနေပါတယ်။

နေ့စဉ် သတ်မှတ်လုပ်အားခ ဘတ် ၃၀၀ မရသလို အချိန်ပိုကြေး ၁ နာရီ ၅၆ ဘတ် ကိုမရဘူးလို့ မဲဆောက်က အလုပ်သမားတဦးကို ကိုးကားပြီး သတင်းက ဖော်ပြပါတယ်။

မြန်မာအလုပ်သမား ၁၀၀ ကျော်ဖမ်းဆီးခဲ့ပြီး ဖြစ်သလို အလုပ်ရှင်က ဘတ် ၁၅၀၀-၂၀၀၀ အကြား ပေးရင် ပြန်လွှတ်တယ်လို့ ဆိုပါတယ်။

ထိုင်းစက်ရုံတွေမှာ မြန်မာ အလုပ်သမား ၄ သိန်းကျော် အလုပ်လုပ်ကိုင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013