DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီးစဉ်အတွင်း ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စ ဆွေးနွေးမည်
DVB
·
June 17, 2016
ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီးစဉ်အတွင်း ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စ ဆွေးနွေးမည်
Donate to DVB

ထိုင်းနိုင်ငံကို သွားရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း ထားဝယ်ရေနက် ဆိပ်ကမ်း ကိစ္စကို အဓိက ဆွေးနွေးမယ်လို့ ထိုင်း လက်ထောက် ၀န်ကြီးချုပ်က ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန် ၂၃-၂၅ ရက် အထိ ထိုင်းကို သွားရောက်မှာ ဖြစ်ပါတယ်။
အကောင်ထည်ဖော်ဖို့ ကာလကြာရှည် စောင့်ဆိုင်းနေရတဲ့ ဒေါ်လာ ဘီလီယံနဲ့ ချီရင်းနှီးမြှုပ်နှံ တည်ဆောက်မယ့် ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ကိစ္စကို ကိုင်တွယ်ဖို့ ထိုင်းမြန်မာ ပူးပေါင်း ကော်မတီတခုကို ဖွဲ့စည်းဖို့ ရှိတယ်လို့ ထိုင်းဘန်ကောက်ပိုစ့်သတင်းက ရေးပါတယ်။

နိုင်ငံ ၂ ခုရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကကျတဲ့ ထားဝယ်စီမံကိန်းကို မြန်မာ အစိုးရသစ်အနေနဲ့ ဆက်လက်လုပ်ဆောင်မယ်လို့ ယုံကြည်တယ်လို့ လက်ထောက်ဝန်ကြီးချုပ် ဆုန်ကစ် ဂျတုဆီပိကတ်က ပြောပါတယ်။

စီမံကိန်းအတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ အကဲဖြတ်စိစစ်မှု (အီးအိုင်အေ)ကို အီတာလျံထိုင်းဖွံဖြိုးတိုးတက်ရေးကုမ္ပဏီ (အိုင်တီဒီ)က လုပ်ဆောင်ပြီး ဖြစ်တယ်လို့လည်း သတင်းက ဖော်ပြပါတယ်။

ကနဦး ရင်းနှီးမြုပ်နှံမှုအဖြစ် ဒေါ်လာ ၁.၇ ဘီလီယံရင်းနှီးမြုပ်နှံမယ့် စီမံကိန်းကို ပထမအဆင့်ကို စတင် အကောင်ထည်ဖော်ဖို့ သြဂုတ်လမှာ အိုင်တီဒီက သဘောတူညီခဲ့ပါတယ်။

၄၅၀ မီဂါဝပ်ထုတ်လုပ်မယ့် ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်ပေးစက်ရုံ အတွက် ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။ ဒေါ်လာ သန်း ၅၀၀ကို ရေနံဓာတု စက်ရုံနဲ့ ရေနံ သန့်စင် စက်ရုံမှာ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။

ထားဝယ် စက်မှုဇုန်ပြီးသွားရင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကိုလည်း အိုင်တီဒီက တည်ဆောက်မှာ ဖြစ်ပါတယ်။

စီမံကိန်းက အလုပ်အကိုင် ၁ သိန်းကျော် ဖန်တီးပေးမှာ ဖြစ်ပါတယ်။
အစောပိုင်းက စီမံကိန်းကို မတ်မှာ စတင်လုပ်ဆောင်ဖို့ သတ်မှတ်ခဲ့ပါတယ်။ တည်ဆောက်မှုက ၃ နှစ်လောက်ကြာမြင့်မှာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013