DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည်ကို ပြည်တွင်း​ပြည်ပ မီဒီယာများ​ ​တွေ့​ဆုံ
DVB
·
September 13, 2011
ဒေါ်​အောင်ဆန်း​စုကြည်ကို ပြည်တွင်း​ပြည်ပ မီဒီယာများ​ ​တွေ့​ဆုံ
Donate to DVB

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ပြည်တွင်း​ပြည်ပ မီဒီယာသမား​တွေကို အဖွဲ့​ချုပ်ရုံး​ချုပ်မှာ ဒီ​နေ့​ လက်ခံ​တွေ့​ဆုံပါတယ်။

အေအက်ဖ်ပီသတင်း​ထောက်၊​ ဗွီအို​အေ မြန်မာပိုင်း​ဌာနက ​ဒေါ်ခင်စိုး​ဝင်း​၊​ ရန်ကုန်မီဒီယာဂရု(ပ်)၊​ လျှပ်တပြက်၊​ ​မော်နီတာ၊​ မြန်မာနယူး​စ်ဝိ၊​ ဆဲဗင်း​ဒေး​ စတဲ့​ဂျာနယ်တိုက်​တွေက အယ်ဒီတာအဖွဲ့​တို့​ကို လက်ခံ​တွေ့​ဆုံတာလို့​ အဖွဲ့​ချုပ်ပြန်ကြား​ရေး​တာဝန်ခံ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ပတ်သက်တဲ့​ သတင်း​၊​ ​တွေ့​ဆုံ​မေး​မြန်း​ချက်​တွေကို ပြည်တွင်း​ဂျာနယ်​တွေမှာ ​ဖော်ပြတာကို စာ​ပေစိစစ်​ရေး​က ခွင့်​ပြုလာတဲ့​အပြင် ​ဒေါ် ​အောင်ဆန်း​စုကြည် ​နေအိမ်အကျယ်ချုပ်က လွတ်​မြောက်ခါစက ​တွေ့​ဆုံ​မေး​မြန်း​ချက် ​တွေကိုလည်း​ ​ဖော်ပြခွင့်​မပြုခဲ့​ရာက ပြန်ခွင့်​ပြုလို့​ ဂျာနယ်​တွေမှာ ​ဖော်ပြလာပါတယ်။ ဒီ အချိန်မှာ ဂျာနယ်​တွေရဲ့​ ​မေတ္တာရပ်ခံချက်​ကြောင့်​ ​ဒေါ်​အောင်ဆန်း​စုကြည်က ခုလို လက်ခံ​တွေ့​ဆုံတာလို့​ ဦး​အုန်း​ကြိုင်က ရှင်း​ပြပါတယ်။

“​ပြောင်း​လဲလာတဲ့​ နိုင်ငံ​ရေး​အ​ခြေအ​နေ​တွေ​ပေါ်မှာ စိတ်ဝင်စား​ကြမှာ​ပေါ့​။ အဲဒါ​တွေကို ​မေး​မြန်း​ဖို့​ တချို့​လည်း​ ​တွေ့​ခွင့်​တောင်း​ကြတယ်။ ​တွေ့​ခွင့်​တောင်း​တော့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ကလည်း​ လုပ်ငန်း​တာဝန်​တွေ များ​နေ​တော့​ မ​တွေ့​နိုင်ဘူး​ပေါ့​။ ဒီ​နေ့​တော့​ ရုံး​မှာ အဲဒီလို​တောင်း​ဆိုထား​တဲ့​ အဖွဲ့​တွေကို တ​နေ့​တည်း​နဲ့​ အပြတ်​တွေ့​လိုက်တဲ့​သ​ဘောပါပဲ။”

ဒေါ်​အောင်ဆန်း​စုကြည်က ပြည်တွင်း​ပြည်ပမီဒီယာ​တွေကို မနက် ၁၀ နာရီက​နေ ည​နေ ၃ နာရီအထိ တဖွဲ့​ချင်း​ သီး​ခြား​စီ ​တွေ့​ဆုံတာဖြစ်ပါတယ်။

ရန်ကုန်တိုင်း​နဲ့​ ဖလား​ဝါး​နယူး​ဂျာနယ် အယ်ဒီတာချုပ် ဦး​ကိုကို၊​ ကိုကို (စက်မှုတက္ကသိုလ်) က ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ သီး​ခြား​မေး​မြန်း​ခွင့်​ရသမျှကို အကျဉ်း​ချုပ် ​ပြောပြပါတယ်။

“အဓိက ​မေး​မြန်း​တာ​တော့​ အများ​ကြီး​ပါပဲ။ အ​သေး​စိတ်က​တော့​ သိပ်မကြာခင် မှာပဲ အင်တာနက် ဝက်ဆိုက်က​နေ တင်​ပေး​ပါမယ်။ အခု ပြန်နား​ထောင်​နေတဲ့​အဆင့်​ပဲ ရှိတယ်။ ​ပြောတာက​တော့​ လက်ရှိနိုင်ငံ​ရေး​ ဖြစ်​ပေါ်တိုး​တက်မှုအ​ပေါ်မှာ လက်ရှိသွား​ ​နေတဲ့​ ဒိုင်ယာ​လော့​အ​ပေါ်မှာ ​ဒေါ်​အောင်ဆန်း​စုကြည်အ​နေနဲ့​ ​ကျေနပ်မှုရှိတယ်၊​ အား​ရမှုရှိတယ်၊​ ပိုမိုမြန်ဆန်လာတာ ​တွေ့​တယ်၊​ စသည်ဖြင့်​ပြောတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013