DVB Logo
Home
မြန်မာသတင်း
ကျောက်တော်တွင် အမျိုးသမီးငယ်တဦး ဆေးတမျိုးသုံးပြီး လုယက်ခံရ
DVB
·
June 17, 2016
ကျောက်တော်တွင် အမျိုးသမီးငယ်တဦး ဆေးတမျိုးသုံးပြီး လုယက်ခံရ
Donate to DVB

ကျောက်တော်မြို့နယ်မှာ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တဦးကို အမျိုးသားတဦးက အမည်မသိ ဆေးတမျိုးသုံးပြီး ပါးစပ်ကိုလက်နဲ့ပိတ်ပြီး လုယက်မှုတခု ဖြစ်ပွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှာ ဇွန်လ ၁၆ ရက်နေ့ ညနေ ၄ နာရီလောက်က အမျိုးသမီးငယ်ကို အသက် ၂၅ အရွယ်ရှိ အမျိုးသားတဦးက အမည်မသိဆေးတမျိုးသုံး လုယက်ခဲ့တာလို့ အပေါက်ဝရဲစခန်း ရဲအုပ် ဦးဌေးဇော်က ပြောပါတယ်။

"ဖြစ်တာက မနေ့ညနေက ၄ နာရီ ခန့်မှာဖြစ်တာပါ။ ကလေးမနေတဲ့ အိမ်နောက်မြစ် ကမ်းနားပါးနဲ့ ကိုက် ၂၅၀ လောက်ဝေးတယ်။ ကလေးမလေးအိမ်သာတက်တယ်။ အိမ်သာ တက်လို့ ပြန်အလာကမ်းပေါ်ကို ကျော်လာတဲ့အခါမှာ အဲ့ဒီနားမှာ အသင့်စောင့်ဆိုင်းနေတဲ့ လက်ရှိထွက်ပြေးတရားခံပေါ့လေ။ သူရောက်လာပြီး သူ့လက်မှာ ပါလာတဲ့ အမည်မသိ ဆေးတမျိုးကို မျက်နှာပေါ်သုတ်တယ်။ နောက်ပြီးနှာခေါင်းတွေကိုဖိပြီး လိမ်းလိုက်တာပေါ့။ ပြီးတော့ ကလေးမလေးကို မြစ်ကမ်းနား ခေါ်သွားတယ်။ ကလေးမလေးကို တအား ဖိပြီးတော့ ချုပ်ကိုင်ထားပေါ့လေ။ ကလေးမက ရုန်းကန်ပြီးအော်တယ်။ အဲ့ဒီလိုအော်တဲ့အခါမှာ ဘေးနားက ထင်းခုတ်နေတဲ့ အမျိုး သမီးတစ်ယောက်ရှိတယ်။ သူရောက်လာတယ်။ အဲ့ဒီမှာ ကလေးရဲ့ လက်စွပ်တစ်ကွင်းကို လုယူသွားတယ်။ ပြီးတော့ တရားခံက အဲ့ဒီနေရာက ထွက်ပြေးသွားပါ တယ်။”

အခင်းဖြစ်ပွားပြီး ကလေးမလေးနဲ့ မိဘတွေက ရဲစခန်းကို တိုင်ကြားလာတာကြောင့် အပေါက်ရဲစခန်း ရဲတပ်ဖွဲ့တွေက ပြစ်မှုကျူးလွန်သူ ဇော်ဖီယာဆိုတဲ့ အမျိုးသားကို အပူတပြင်း လိုက်လံရှာဖွေနေတယ်လို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်သူ အသုံးပြုခဲ့တဲ့ ဆေးဟာ ဘယ်လိုအမျိုးစားဖြစ်တယ်ဆိုတာ စစ်ဆေးနေဆဲဖြစ်ပြီး ကလေးမလေးလည်း ဒဏ်ရာအနည်းငယ်သာ ရခဲ့တယ်လို့ ရဲအုပ်က ပြောပါတယ်။

“ကလေးမလေးကို မတော်မတရားပြုကျင့်တော့ မရှိဘူး။ ဒဏ်ရာတွေလည်း ရတာ မရှိပါဘူး။ နှုတ်ခမ်းလေးမှာ နည်းနည်းပါးပါးရတာပါ။ ကလေးမပြောတာကတော့ ထွန်းရွှေဝါ လိမ်းဆေးတစ်မျိုး အနံ့တမျိုး ရတယ်လို့ ပြောပါတယ်။”

သတင်း - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013