DVB Logo
Home
မြန်မာသတင်း
အဖက်ဒရင်းမှုန့် သိန်း ၃ ထောင်ကျော်ဖိုး ကွင်းဆက် ကလေးမြို့တွင် ဖမ်းမိ
DVB
·
June 17, 2016
အဖက်ဒရင်းမှုန့် သိန်း ၃ ထောင်ကျော်ဖိုး ကွင်းဆက် ကလေးမြို့တွင် ဖမ်းမိ
Donate to DVB

စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်တွင် ဖမ်းမိတဲ့ အဖက်ဒရင်းမှုန့် သိန်း ၃ ထောင်ကျော်ဖိုး ကွင်းဆက် တရားခံတွေကို ကလေးမြို့မှာ ဖမ်းဆီးကာ စစ်ကိုင်းရဲတပ်ဖွဲ့ကို မနေ့က လွှဲအပ်လိုက်ပါတယ်။

စစ်ကိုင်းမြို့ ကံတလူ တိုးဂိတ်မှာ သိန်းပေါင်း သုံးထောင်ကျော် တန်ဖိုးရှိ အဖက်ဒရင်းမှုန့် မူးယစ်ဆေးဝါးတွေး ဖမ်းဆီးမိခဲ့တဲ့ မူးယစ်ရောင်းဝယ် ကွင်းဆက် ပါဝင်သူ ၂ ဦးကို ဇွန်လ ၁၄ ရက်နေ့ ညနေပိုင်းက ကလေးမြို့ တပ်ဦးသီတာ ရပ်ကွက် နယ်မြေ ၅ မှာ ဖမ်းဆီးနိုင်ခဲ့ပြီး ဇွန် ၁၆ ရက်နေ့ စစ်ကိုင်းရဲတပ်ဖွဲ့ကို ပို့ဆောင် လွှဲအပ်လိုက်ပါတယ်။

ကလေးခရိုင် မှုခင်းနှိမ်နှင်းရေးခေါင်းဆောင် ရဲအုပ်သီဟက “ကျနော်တို့ကို စစ်ကိုင်းကနေ အကြောင်းကြားတဲ့အတွက် မူးယစ်တပ်ဖွဲ့ဝင်တွေ ခရိုင်နဲ့ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ ပေါင်းပြီး ဖမ်းဆီးခဲ့တာပါ။ ပထမတော့ ကလေးကလူကို အရင်ဖမ်းပြီး သူကိုယ်တိုင်ကို အခြား တယောက်ဆီဖုန်းဆက် အိမ်လာခဲ့ဖို့ ပြောခိုင်းပြီး ပထမဖမ်းမိတဲ့ လူရဲ့ အိမ်မှာပဲ အသင့်စောင့် ဖမ်းဆီးခဲ့တာပါ”လို့ ပြောပါတယ်။

ဖမ်းဆီးမိခဲ့တဲ့ ကွင်းဆက်တရားခံ ၂ ဦးဟာ ကလေးမြို့ တပ်ဦးသီတာရပ်ကွက်မှာနေတဲ့ ကျင်ဒိုးမုန်ဆိုတဲ့ အမျိုးသား ၁ ဦးဖြစ်ပြီး ကျန် ၁ ဦးကတော့ တမူးမြို့မှာ နေထိုင်တဲ့ ဇိုးထန်ပါးရီ ဆိုတဲ့ အမျိုးသမီးဖြစ်တယ်လို့ သိရပါတယ်။

ကွင်းဆက်တရားခံကို ဖမ်းဆီးခဲ့ပြီး ဒီနေ့ ဇွန် ၁၆ ရက်မှာ ကလေးမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး ဝင်းနိုင်နဲ့ အဖွဲ့က စစ်ကိုင်းကို သွားရောက်ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါး ကွင်းဆက် ၂ ဦးနဲ့အတူ မူးယစ်ဆေး မတွေ့ပေမယ့်လည်း မူးယစ်ဆေး ရောင်းချရာတွင် အသုံးပြုတယ်လို့ ယူဆရတဲ့ ကားတစ်စီးနဲ့အတူ လက်ရှိ အသုံးပြု ဖုန်းများနဲ့ ငွေကျပ် ၁၀ သိန်းကိုပါ သက်သေသိမ်းဆည်းခဲ့ပြီး အဆိုပါ ကိစ္စအတွက် ကွင်းဆက် ၂ ဦးကို စစ်ကိုင်းရဲစခန်းက မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ဥပဒေပုဒ်မနဲ့ အရေးယူဖို့ ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
(သတင်း၊ ဓာတ်ပုံ - မင်းရဲစစ်နိုင်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013